ဗိုက်ခေါက် ထူတဲ့သူများအတွက် အလွယ်ကူဆုံး ဗိုက်အဆီချနည်း

ဗိုက်ခေါက် ထူတဲ့သူများအတွက် အလွယ်ကူဆုံး ဗိုက်အဆီချနည်း

ဗိုက်ခေါက် ထူတဲ့သူများအတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံး သဘာဝနည်းနဲ့ အဆီချနည်းလေးကို ပြောပြပေးပါမယ်။

(1) သံပုရာသီး သို့ သံပုယိုသီးကို အလုံးလိုက် ဆားပွတ်ပြီး ရေဆေးပါ။

(2) အကွင်းလိုက် လှီးထားပြီး ရေနွေးခွက်ထဲ ထည့်ပါ။

(3) ဂျင်း တစ်လက်မခန့်ကို ငရုတ်ကျည်ပွေ့ (သို့) ဓါးပြားနဲ့ ရိုက်ပြီး ထည့်ပါ။

(4) သဘာဝ ပျားရည်စစ်စစ်ကို ဟင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။

(5) ရေနွေးပူပူ လောင်းထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားပြီးရင် ဇွန်းနဲ့ မွှေပြီး သောက်နိုင်ပါပြီ။ ထမင်းစားပြီး တစ်နာရီ အကြာခန့်မှာ သောက်ရင် ပိုကောင်းပါတယ်။

တစ်နေ့တစ်ခွက် သို့ နှစ်ခွက် သောက်နိုင်ပါတယ်။ ၆လ မကျော်သေးတဲ့ နို့တိုက် မိခင်တွေနဲ့ အစာအိမ်ရောဂါ ရှိသူတွေကတော့ မသောက်သင့်ပါဘူး။

ပျားရည်ကို သဘာဝ ပျားရည်စစ်စစ် နှစ်ချို့ပျားရည် (အဟောင်း) ရမှသာလျှင် အဆီကျစေမှာပါ။

သကြားရည်၊ ကြံသကာရည် ရောထားတဲ့ဟာ ဆိုရင် အဆီမကျစေပါဘူး။ ပျားရည် အစစ်မရရင် သံပုရာကွင်းနဲ့ ဂျင်းပြားကိုပဲ ရေနွေးစိမ် သောက်လည်း ရပါတယ်။

အချိုဓါတ် မပါတော့ အရသာကတော့ ပေါ့နေလိမ့်မယ်။

သဘာဝဆေးမို့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ တစ်လလောက် သောက်ကြည့်လိုက်တာနဲ့ သိသိသာသာ ဗိုက်ခေါက် အဆီတွေ လျော့ကျသွားတာကို မြင်တွေ့ရပါလိမ့်မယ်။

Credit – စောနွဲ့နေဆိုင် (ပူတာအို)

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners