ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းသိသိသာသာ ဆံပင်ရှည်လာအောင်

ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းသိသိသာသာဆံပင်ရှည်လာအောင်

ဆံပင်က ဒုတိယ မျက်နှာ ဆိုတာ လူတိုင်း သိပြီး သားဖြစ် မှာပါ။

ဆံပင်ပုံစံက ကိုယ်နဲ့ မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိ ပါပဲ။

ဆံပင် အရှည်ထား ချင်ပေမယ့် စိတ်မရှည်တဲ့ သူတွေ အနေနဲ့ တစ်လအတွင်း ဆံပင်ရှည် လွယ်ပြီးတောက်ပြောင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်

(၁) မကြာခဏအဖျားတိပေးပါ

ဆံပင်အဖျားလေးတွေကို မကြာခဏ တိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့ အစိတ်အပိုင်းတွေ ကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့ အတွက် ဆံပင်ကို ကျန်းမာတောက်ပြောင်တဲ့ အသွင် မျိုးဖြစ်စေပါတယ်

(၂) သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်ပါ

ဆံပင်ရှည်လွယ်ချင် သူတွေ အနေနဲ့ သဘာဝ အသီးအနှံတွေ နဲ့ပေါင်းတင်တဲ့ နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။ ကြက်သွန်နီ တစ်လုံးကို အတုံးလေးတွေဖြစ်အောင်ကြိတ်ပြီး အရည်ညှစ်ပါ

ရလာတဲ့အရည်ကို သံလွင်ဆီ အနည်းငယ် နဲ့ရောပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင်လိမ်းပေးကာ နာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပေး လိုက်ပါ။

ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် တစ်လကြာတဲ့အခါ ဆံပင်သိသိသာသာ ရှည်လာ တာကို တွေ့ရ ပါလိမ့်မယ်

(၃) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါ

ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးသုံးပေး တာက ဆံသားခြောက်သွေ့တာ၊ ဆံပင်တွေညှိပြီးပြတ်တာတွေမဖြစ်အောင် ကာကွယ်ပေးပြီး ဆံပင် ပိုရှည်အောင် အားပေး ပါတယ်။

ဒါကြောင့် ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေး ကိုမဖြစ်မနေ သုံးပေးပါ

(၄) သဘာဝအတိုင်းအခြောက်ခံတဲ့နည်းကိုသုံးပါ

ဆံပင်ရှည် လွယ်ချင် သူတွေက ဆံပင်နဲ့ဦးရေပြားကို တတ်နိုင်သလောက် အပူ မထိအောင် ထိန်းသိမ်းသင့်ပါတယ်။

ခေါင်းလျှော်ပြီးတဲ့ အခါ တဘက်နဲ့ရေစင်အောင် သုတ်ပြီး သဘာဝအ တိုင်း အခြောက်ခံတာက အကောင်းဆုံးပါ

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို သေသေချာချာ လိုက်နာပြီး လုပ်ပေးမယ် ဆိုရင် တစ်လအတွင်းဆံပင်အရှည်မြန်လာတာကို တွေ့ရ ပါလိမ့်မယ်

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners