ကိုဗစ် ကာလ ကိုယ်ခံအားတက်စေပြီး ကုန်ကျစရိတ် သက်သာစေမယ့် အစားအစာများ

ကိုဗစ် ကာလ ကိုယ်ခံအားတက်စေပြီး ကုန်ကျစရိတ် သက်သာစေမယ့် အစားအစာများ

(၁) ထမင်း၊ ဆီ၊ ပဲပြုတ် (၁၀ သားလောက် ကို မိသားစု ၃ ယောက် လောက်မျှစားရင်

အသားဓါတ်လဲ အတော်အသင့်ရပြီး၊ ကုန်ကျစရိတ်သက်သာစေပါတယ်)

(၂) ထမင်းဆီဆမ်း၊ ကြက်ဥကြော်

(၃) ထမင်းဆီဆမ်း၊ မြေပဲလှော်

(၄) ပေါင်မုန့်၊ ကြက်ဥ

(၅) နွားနို့ နှင့် ပေါင်မုန့်

(၆) ပဲပြုတ်၊ ကောက်ညှင်းပေါင်း

(၇) ပဲဟင်း၊ ထမင်းဆီဆမ်း

အခု ကျွန်တော်ပြောပြထားတာ ဥပမာ သာ ဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါကာကွယ်ဖို့ အတွက်

လက်ဆေး၊ mask တပ်၊ လူစုလူဝေး ရှောင်ဖို့ လိုသလို၊ အာဟာရပြည့်အောင် စားဖို့ ကလဲ လိုပါတယ်။

အခု လို အချိန်မှာ ဝင်ငွေတွေလဲ အသီးသီး ခက်ခဲနေတော့ ဈေးသက်သက်သာသာ နဲ့ အာဟာရ ဖြစ်ဖို့လိုပါတယ်။

ဒါကြောင့် ဈေးသက်သာပြီး အာဟာရဖြစ်စေတာက တော့ ကြက်ဥ၊ ပဲ အမျိုးမျိုးပါပဲ။

အသားဟင်း နေတိုင်းမချက်ဖြစ်ရင်တောင် ပဲဟင်း ခပ်ပျစ်ပျစ် နဲ့

အရွက်ကြော် တခုခု နဲ့ ထမင်း ကို ဆီ အနည်းငယ်လောက်ဖြင့် နယ်ပြီး စားလဲ အဆင်ပြေပါတယ်။

အရေးကြီးတာ ကတော့ ပြီးပြီးရော ဆိုပြီး ငါးခြောက် နဲ့ ထမင်းစားတာ၊ လက်ဖက် ၁၀၀ တန် အထုပ် နဲ့

ထမင်းစားတာထက်စာရင် ပဲ ၅၀၀ ဖိုး ဝယ်ပြီး ပဲဟင်းချက်ပြီး တစ်အိမ်လုံးစားတာ ပိုပြီး အာဟာရပြည့်ဝစေပါတယ်။

ဈေးကြီးမှ အာဟာရဖြစ်တာ မဟုတ်ပါ။ ကိုယ်နိုင်တဲ့ ဝန်နဲ့ အာဟာပြည့်အောင် စားပါ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners