အာရုံကြောမှစကာ ရိုးတွင်းချဥ်ဆီထိ အဆိပ်သင့်နိုင်သည့် ခြင်ဆေးခွေ

ခြင်ပေါတဲ့ မြန်မာနိုင်ငံမှာ ခြင်ကိုက်ခံရတာကနေ ကာကွယ်ဖို့အတွက် များသောအားဖြင့် ခြင်ဆေးခွေကို အလွယ်တကူ သုံးစွဲတက်ကြပါတယ်။

ခုခေတ်မှာ ခြင်ထောင်၊ ခြင်ဇကာ၊ ခြင်လိမ်းဆေးရည်စသဖြင့် အများကြီးပေါ်နေသော်လည်း လူအတော်များများဟာ ခြင်ဆေးခွေကို သုံးနေကြဆဲပါပဲ။

ခြင်ဆေးခွေကို ၁၈၉၅ ခုနှစ်မှာ ဂျပန်နိုင်ငံက Eiichiro Ueyama ဆိုသူက စတင်တီထွင်ခဲ့ပါတယ်။

ဓါတုဗေဒနည်းပညာတွေဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ ခြင်ဆေးခွေတွေ မှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်း ဓါတုပစ္စည်းတွေ အများကြီးပါဝင်လာပါတယ်။

သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ခြင်ဆေးခွေအချို့မှာ အပြင်းထန်ဆုံး ဓါတုပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး S-2၊ ဖော်မယ်ဒီဟိုက်၊ ဘန်ဇင်း၊ မီဖာလူသရင်းစတဲ့ ဓါတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ပြောထားပါတယ်။

ဘန်ဇင်းဓါတုပစ္စည်းဟာ ကာစီနိဂျင်(ကင်ဆာဖြစ်စေမှုကိုအားပေးတဲ့ပစ္စည်း) ဖြစ်ပြီး အာရုံကြောမှစကာ ရိုးတွင်းချဉ်ဆီထိပါ အဆိပ်သင့်နိုင်ပါတယ်။

ခြင်ဆေးခွေတခွေက ထွက်လာတဲ့အဆိပ်ငွေ့ဟာ ဆေးလိပ်အလိပ်၁ဝဝကျော်မှထွက်တဲ့အဆိပ်ငွေ့နဲ့ညီတယ်လို့လည်း တချို့သုတေသနပညာရှင်တွေက ပြောကြပါတယ်။

ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ လေပြွန်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါနဲ့ အဆုတ်ကင်ဆာအထိပါ ဖြစ်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ပိုမိုဆိုးရွားလာနိုင်ပါတယ်။

ဒါကြောင့် ခြင်ဆေးခွေကို အသုံးပြုမယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်လေးတွေ ၊မွေးကင်းစကလေးတွေ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည်တွေရှိတဲ့ အိမ်တွေမှာ ခြင်ဆေးခွေကို လုံးဝမသုံးသင့်ပါဘူး။

အလုံပိတ်ခန်း၊ လေဝင်လေထွက်နည်းတဲ့ နေရာတွေမှာဆိုရင်လည်း ခြင်ဆေးခွေမထွန်းသင့်ပါ။

အခုနောက်ပိုင်းမှာ ခြင်မကိုက်အောင် လိမ်းဆေး၊ ဖြန်းဆေးတွေလည်း များစွာပေါ်ထွက်လာပြီဖြစ်လို့ ကလေးရောလူကြီးပါ လိမ်းနိုင်သုံးနိုင်မယ့် အရည်သွေးကောင်းတဲ့ လိမ်းဆေး၊ ဖြန်းဆေးတွေကို ရွေးချယ်အသုံးပြုရင်း ခြင်ဆေးခွေ အသုံးပြုမှုကို လျော့ချနိုင်ပါတယ်။

Credit: original uploder

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners