ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဦးလူမုန်းနဲ့ ပတ်သတ်ပြီး မင်းသမီး မြတ်သူသူ ရဲ့ ရေးသားချက်…

အနုပညာလောကမှာ နှစ်ပေါင်း ၄၀ ကျော် ကျင်လည်ခဲ့ပြီး ကျရာနေရာကို ပီပီပြင်ပြင် သရုပ်ဆောင် နိုင်တဲ့

လူကြမ်းသရုပ်ဆောင် ဦးလူမုန်းကို ပရိတ်သတ်တွေ တော်တော်များများ သိကြမှာပါ။

ဦးလူမုန်း ကို အားပေးကြတဲ့ ပရိတ်သတ်တွေအတွက် စိတ်မကောင်း စရာ သတင်းတစ်ခုကတော့

ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းမှာ ဘဝ တစ်ပါးသို့ ကူးပြောင်းသွားခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ Citizen and comedians Nonprofit Organization ပရဟိတ အဖွဲ့က ဦးမျိုးထွန်းက သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ

“ရုပ်ရှင်သရုပ်ဆောင်ဦးလူမုန်းရေ သွားတော့ဗျာ မကယ်နိုင်ခဲ့ဘူး” ဆိုပြီး စိတ်မကောင်းစွာနဲ့ ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် MRTV4 ရဲ့ မင်းသမီးလေး မြတ်သူသူ ကလည်း

“ဖေကြီးရယ် ရှုတင်မှာ သားသမီးလိုသဘောထားခဲ့ယုံမက ကျန်းမာအောင်လှမ်းဆုတောင်းပေးပြီး အခုအရင်သွားနှင့်ပြီလား၊

လူတိုင်းတနေ့သွားရမယ့်လမ်းသိပေမယ့် စိတ်ထဲမကောင်းဘူး ဖေကြီးရယ် ကုသိုလ်တရားတွေနဲ့အမြဲနေတဲ့ဖေကြီး ကောင်းရာသုဂတိလားမှာပါ” လို့ စိတ်မကောင်းစွာနဲ့ ရေးသားထားပါသေးတယ်

ဦးလူမုန်းဟာ သွေးတိုးရောဂါ အခံရှိပြီး ကိုဗစ်ကာလ မှာဆုံးပါးသွားခဲ့​တာဖြစ်ပြီး ပရိတ်သတ်တွေ က စိတ်မကောင်းဖြစ်နေကြပါတယ်

Shwe Yaung Myanmar ( Writer – WPO )