
လောကမှာ တစ်ချို့သော ယောက်ကျား တွေဟာ ထူးဆန်းပါတယ်။
.
အခုပြောပြပေးမယ့် အသက် ၆၀ ကျော်အရွယ် Senji Nakajima ဆိုတဲ့ သူဟာ မိန်းမ ဖြစ်သူကို စိတ်ကုန်လို့ မိသားစုနဲ့ ခွဲခွာပြီး ဆီလီကွန် အရုပ်မနဲ့ အတူတူ နေထိုင် နေတယ်လို့ ဆိုပါတယ်။
.
သူဟာ မိန်းမ ဖြစ်သူနဲ့ ကလေး နှစ်ဦး ပိုင်ဆိုင်ထားပေမယ့်လည်း ဆီလီကွန်အရုပ်မ နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။
.
နောက်ပိုင်းမှာ မိန်းမနဲ့ ကလေးတွေကို ပစ်ပယ်လို့ အရုပ်မနဲ့ တစ်အိုးတစ်အိမ် ထူထောင်လိုက်ပါတယ်။
.
အဲ့ဒီ့ ဆီလီကွန်မ ရဲ့ နာမည်က Saori လို့ ခေါ်တယ်လို့ သိရပြီး သူရဲ့ ဘဝလက်ကျန် သက်တမ်း တစ်လျှောက်လုံး အသက်မရှိတဲ့ အရုပ်မ နဲ့ သာ ကုန်ဆုံးသွားဖို့ ဆုံးဖြတ်ထားပါတယ်။
.
နေ့စဥ်နေ့တိုင်း အရုပ်မကို ခေါင်းဖီးပေးရတာ ၊ ရေချိုးပေးရတာ ၊ စျေးဝယ်ထွက်ဖို့ ကားမောင်းပြီး လိုက်ပို့ပေးရတာ သူ့ရဲ့ လုပ်နေကျ အလုပ်ပါပဲ။
.
ဆီလီကွန် အရုပ်မနဲ့ ပျော်ရွှင်နေတဲ့ ဒီအမျိုးသားရဲ့ အဖြစ်ကိုတော့ အိမ်နီနားချင်းတွေက ရူးနေတယ်လို့ သတ်မှတ်ထားကြပါတယ်။
Shwe Yaung Myanmar ( Writer – WPO )
.