လူပေါင်း ၈၀ ကျော် သေဆုံးပြီး ၁၀၀၀ ကျော် ပျောက်ဆုံးနေတဲ့ ဂျာမနီနိုင်ငံက ရေကြီးမှု

အခုတစ်ခါ ရေကြီးမှု ဖြစ်စဥ်ကတော့ ဂျာမနီနိုင်ငံရဲ့ အဆိုးဝါးဆိုး ဖြစ်ပါတယ်။

လူပေါင်း ၁၃၀၀ နီးပါး ရေလွှမ်းမိုးမှု အတွင်းမှာ ပျောက်ဆုံးနေပြီးတော့ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

ရေကြီးနေတဲ့ ကိုလုံးမြို့ တောင်ဘက် Ahrweiler မှာ ဆက်သွယ်ရေး ကွန်ယက်တွေ ပျက်တောက်နေခဲ့လို့

ရေဘေးဒုက္ခသည်တွေဟာ မိသားစု အချင်းအချင်း ဆက်သွယ်မရတော့ဘဲ အိမ်တွေထဲမှာ ပိတ်မိနေခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက စက်လှေတွေနဲ့ အဲ့ဒီ့ဒေသက လူတွေကို သွားရောက်ကယ်ဆယ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ပေမယ့်

ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခု ထပ်မံဖြစ်ပွားခဲ့တာကြောင့် အခြေအနေက ပိုပြီးဆိုးရွားလာခဲ့ပါတယ်။

ဇူလှိုင် ၁၆ ရက်နေ့ မနက်ပိုင်းမှာလည်း Erftstadt ဒေသမှာ ရေလွှမ်းမိုးမှု ကြောင့် အိမ်တွေ ပြိုကျခဲ့ပြီး

North Rhine – Westphalia နဲ့ Rhineland – Platinate စတဲ့ ပြည်နယ်တွေမှာ မြို့တွေ ၊ ကျေးရွာတွေ အများစု ရေတွေလွှမ်းမိုးနေတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များနေပါတယ်။

ဂျာမနီနိုင်ငံရဲ့ အစိုးရကတော့ ရေဘေးသင့် ပြည်သူတွေအတွက် ဘဏ္ဍာ​ငွေ ထောက်ပံ့မှုတွေ လုပ်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

အခုဆိုရင်တော့ ကမ္ဘာအနှံ့မှာ ကူးစက် ကပ်ရောဂါဘေး ၊ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့နေကြရပါတယ်။

Shwe Yaung Myanmar ( Writer – WPO )