ကိုဗစ်ကူးစက် ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့ အခြေအနေကို စိုးရိမ်စွာနဲ့ အသိပေးလိုက်တဲ့ အဆိုတော် ခိုင်မြဲသာ

ကိုဗစ်ကူးစက် ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့ အခြေအနေကို စိုးရိမ်စွာနဲ့ အသိပေးလိုက်တဲ့ အဆိုတော် ခိုင်မြဲသာ

.

တစ်ချိန်က အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲမှာ vocal coach အဖြစ် လူသိများခဲ့ပြီး တေးရေး၊တေးဆို တစ်ဖြစ်လဲ အဆိုတော် ခိုင်မြဲသာဟာ အနုပညာနဲ့ ပတ်သတ်တဲ့ အလုပ်တွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

.

ဒီကနေ့မှာတော့ သူ့ရဲ့ အသုံးပြုနေတဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ တစ်ဆင့် ပရိတ်သတ်တွေကို စိတ်မကောင်းစရာ သတင်းတစ်ခု ကို အသိပေးလာပါတယ်။

.

ခိုင်မြဲသာက ” ဖေဖေ ရော မေမေ ပါ.. positive တဲ့.. သေပါပြီဗျာ..” ဆိုပြီး စိုးရိမ်စွာနဲ့ ပြောပြလာပါတယ်။

.

ခိုင်မြဲသာဟာ အနုပညာအလုပ်နဲ့ မိဘ နှစ်ပါးလုံးကို ပြုစု စောင့်ရှောက်နေသူဖြစ်ပြီး မိဘနစ်ပါးလုံး ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ အတွက် စိုးရိမ်တကြီးဖြစ်လို့နေပါတယ်။

.

ပရိတ်သတ်တွေကတော့ စိတ်အေးအေးထားဖို့နဲ့ မိဘတွေ သက်သာသွားဖို့ ဆုတောင်းပေးနေကြပါတယ်။

Shwe Yaung Myanmar ( Writer – WPO )

.