လမ်းဘေးက အိမ်မရှိတဲ့သူတွေကို အခမဲ့ ဆံပင်ညှပ် ပေးနေတဲ့ ပရဟိတ ဆံပင်ညှပ်ဆရာလေး

လောကမှာ သနားကြင်နာတတ်တဲ့ သူတွေဆိုတာ ကမ္ဘာ့နေရာ အနှံ့မှာ ရှိစမြဲပါပဲ။

.

ပရဟိတဆိုတာ မျိုးက အထူးတလည် လုပ်နေမှမဟုတ်ဘဲ ကိုယ်တတ်ထားတဲ့ ပညာရပ် တစ်ခုခုနဲ့ ချို့တဲ့သူတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးတာလည်း ပရဟိတဖြစ်ကြောင်း ဒီလူငယ်လေးက သက်သေပြနေပါတယ်။

.

သူ့နာမည်ကတော့ Mark လို့ခေါ်ပါတယ်။ နယူးယောက် မြို့က Three Square Studio ဆိုတဲ့ ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး ကျွမ်းကျင်တဲ့ အသက် ၃၀ အရွယ် ဆံသဆရာ တစ်ဦးပါ။

.

သူဟာ အိမ်ခြေရာမဲ့ လမ်းဘေးက လူတွေကို အခမဲ့ ဆံပင်ညှပ် ပေးနေတာ ဖြစ်ပြီး တနဂ်နွေနေ့တိုင်းမှာ တစ်ရက်ကို လူ ၆ ဦးနှုန်းနဲ့ ပုံမှန် ညှပ်ပေးလေ့ရှိပါတယ်။

.

ပိုက်ဆံမရှိတဲ့ သူတွေကို အခမဲ့ ညှပ်ပေးတာ ဖြစ်ပေမယ့်လည်း စေတနာဘယ်လောက်ထိ ပြည့်ဝမှန် ဓာတ်ပုံလေးတွေ ကြည့်ရင် သိသာပါတယ်။

.

တစ်ချို့ အိမ်ခြေရာမဲ့ တွေဆိုရင် Mark ညှပ်ပေးတဲ့ ဆံပင်ပုံစံ အသစ်ကို ယုံကြည်မှုရှိလို့ ဆိုပြီး အလုပ်သွားလျှောက်ခဲ့ရာမှ အလုပ်အကိုင်တွေ လည်း ရရှိသွားခဲ့ပါသေးတယ်။

.

ဆင်းရဲတဲ့ ဒေသကို သွားပြီး ကလေးငယ်လေးတွေကိုပါ အခမဲ့ ဆံပင်ညှပ်ပေးနေတဲ့ Mark ဟာ ပိုက်ဆံမရဘူးဆိုပေမယ့် သူကြောင့် ပျော်ရွှင်သွားတာကို ကြည့်ပြီး အရမ်းကို ဝမ်းသာပီတိ ဖြစ်ရတယ်လို့ ဆိုပါတယ်။

.

ဒီအအကြောင်းအရာလေးက အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူတွေအများစုက ချီုးကျူးခဲ့ကြပါတယ်။ တကယ်ကို ပညာရည်ရော နှလုံးရည်ပါ ပြည့်ဝတဲ့ Mark ရဲ့ လုပ်ရပ်လေးကို အတုယူ သင့်လှပါတယ်နော်။

Shwe Yaung Myanmar ( Writer – WPO )

.

.