ကပ်ရောဂါကြီးတွေ ဘေးက လွတ်မြောက်စေဖို့ နည်းလမ်း တွေပေးခဲ့တဲ့ မင်းကွန်းဆရာတော်ကြီး

၁)။ သူ တကာတွေ လောဘကြီးသော်လည်းမိမိက #လောဘမကြီးအောင်နေပါ။

ထိုသို့နေလျှင် သူတကာငတ်မွတ်ခေါင်းပါးခြင်း (ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း မိမိမှာထိုဘေးမှ လွတ်မြောက်မည်။

(၂)။ သူတကာတွေ ဒေါသကြီးသော်လည်းမိမိက #ဒေါသမကြီးအောင်နေပါ။

ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။

(၃)။ သူတကာတွေ မောဟကြီးသော်လည်းမိမိက မောဟမကြီးအောင်နေပါ

ထိုသို့နေလျှင် သူတကာ အနာရောဂါ ဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။လွတ်မြောက်မည်။

ဤကား ကျေးဇူးတော်ရှင်မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည်။

ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား ထိုသြဝါဒအတိုင်းလိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍ …

(၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှစွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။ (ဒါန၊ စာဂ)

(၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။(မေတ္တာ ဘာဝနာ)

(၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကိုအချိန်ရသမျှ ဆင်ခြင်ပါ။ (ဝိပဿနာဘာဝနာ)

တိပိဋကဓရ၊တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners