အွန်လိုင်းမှာ ဂိမ်းဆော့ရင်းရတဲ့ ဝင်ငွေတွေနဲ့ အိမ်အကြီးကြီး တစ်လုံးဆောက်နိုင်ခဲ့တဲ့သူ

ဒီနေ့ခေတ်မှာတော့ အွန်လိုင်းမှာ ပျော်မွေ့စရာတွေနဲ့ အချိန်ကုန်ငွေကုန်နေတဲ့ သူတွေရှိသလို အင်တာနက်ရှိရုံနဲ့ လုပ်နိုင်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တွေ ကျယ်ပြန့်လာပါတယ်။

.

လူအများစု မသိကြသေးတာက ဂိမ်းကစားပြီး ဝင်ငွေရ နိုင်တယ်ဆိုတဲ့အကြောင်းပါ။

.

ဒါက မြန်မာ နိုင်ငံမှာ သိပ်မကျယ်ပြန့်သေးပေမယ့် နိုင်ငံခြားတွေမှာတော့ ဂိမ်းဆော့ပြရင်း ဝင်ငွေတွေရပြီး သူဌေးဖြစ်သွားတဲ့ သူတွေ မနည်းလှပါဘူး။

.

အခုပြောပြပေးချင်တာကတော့ Edgar Dumali လို့ အမည်ရတဲ့ သူအကြောင်းပါ။

.

အခုလူငယ်တွေ ကြားမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်းကို ယူကျူ့ချန်နယ်မှာ Live Stream လွှင့်ပြီး ဝင်ငွေရှာနေတဲ့သူပါ။

.

အခုဆိုရင် သူ့ကို Youtube မှာ အားပေးတဲ့ ပရိတ်သတ်ပေါင်း ၅ သန်းကျော် ရရှိထားတာ ဖြစ်ပြီး ChoOx TV လို့ ရှာရင်တွေ့နိုင်ပါတယ်။

.

သူဟာ ဂိမ်းကစားတာကို Live Stream လွှင့်ပြီး ကြော်ငြာခတွေက ရရှိတဲ့ ဝင်ငွေတွေကြောင့် အခုဆိုရင် အိမ်ကြီးတစ်လုံး မိသားစုအတွက် ဆောက်ပေးနိုင်ခဲ့ပါတယ်။

.

ဒီလိုအကောင်းစား အိမ်ကြီးဆောက်နိုင်ဖို့အတွက် အားပေးခဲ့ကြတဲ့ သူ့ရဲ့ Follower တွေကိုလည်း ကျေးဇူးတင်တဲ့ အကြောင်းပြောခဲ့ပါတယ်။

Shwe Yaung Myanmar ( Writer – WPO )

.