မြို့လယ်ခေါင်မှာ ရုတ်တရက် ပေါ်ထွက်လာတဲ့ မျက်နှာကြောင့် လူတွေထိတ်လန့်ခဲ့တဲ့ အဖြစ်

နေ့ခင်းကြောင်တောင်ကြီး လမ်းသွားလမ်းလာ ရင်းနဲ့ ရုတ်တရက်ဆို သလို ထူးဆန်းတဲ့ အရာတစ်ခု မြင်လိုက်ရမယ်ဆိုရင် လူတိုင်းထိတ်လန့်သွားကြမှာ အမှန်ပါပဲ။

.

နှလုံးရောဂါ ရှိတဲ့သူဆိုရင်တော့ မူးမေ့လဲသွားနိုင်ပါတယ်။

.

ဒီလို အဖြစ်အပျက်မျိုး ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လမ်းမထက်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီရက်ပိုင်း တိုကျိူမြို့ရဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်သွားစေတာ ကတော့ အမျိုးသမီးပုံစံ ကြီးမားတဲ့ မျက်နှာကြီးပါ။

မထင်မှတ်တဲ့အချိန်မှာ ရုတ်တရက်ပေါ်ထွက်လာခဲ့လို့ ပြည်သူတွေ ကြားမှာ သို့လောသို့လော ဖြစ်ခဲ့ရပါတယ်။

.

စူစမ်းချင်တဲ့ သူတွေက အဖြစ်မှန်ကို သိချင်လို့ အပြေးအလွှား သွားရောက်ကြည့်ရှုတဲ့ အခါမှ အဖြေမှန်ကို သိခဲ့ရပါတော့တယ်။

.

တကယ့်အဖြစ်မှန် ကတော့ ဂျပန်နိုင်ငံရဲ့ အနုပညာရှင်တွေ ပူးပေါင်းဖန်တီးထားတဲ့ အမျိုးသမီးမျက်နှာ မိုးပျံပူပေါင်းကြီးကို လွှတ်တင်ခဲ့တာ ​ဖြစ်ပါတယ်။

.

ဒီအကြောင်းအရာလေးကတော့ တိုကျိုမြို့နေ ပြည်သူတွေအကြား ပြောစရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Shwe Yaung Myanmar ( Writer – WPO )

.

Photo Credits to owner