
ပရဟိတ ညီအစ်ကိုများမှ ပြည်သူများသို့ အထူး မေတ္တာရပ်ခံချက်
.
ယခု ချိန်ခါမှာ လူနာတင်ယာဉ်တွေ မီးတန်းဖွင့်၊ ဇုံမီးဖွင့်၊ အသံဖွင့်မောင်းလာရင် ခေတ္တခဏ လမ်းဖယ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။….
ခုက ကျွန်တော်တို့ PPE ဝတ်ထားရသလို.. မျက်မှန်တွေတပ် ၊ face shield တွေတပ်ထားရပါတယ်….
.
မျက်မှန်ပေါက်သေးသေးလေးကနေ ချွေးတွေထွက်နေတဲ့ကြားကအရှေ့ကိုကြည့်ပြီးကားမောင်းရတာပါ။
တခါတလေ ယာဉ်မောင်းသူမမြင်ရတော့လို့ ဘေးကအကူကိုလမ်းပြခိုင်းပြီးမောင်းနှင်ရတာပါ…..
တကယ်လို့.. မတော်တဆဖြစ်ခဲ့ရင်တောင် ကားထဲမှာ covid လူနာတွေသယ်ဆောင်လာတာဖြစ်တဲ့အတွက်ကြောင့်.. အရမ်းကိုအန္တရာယ်များတဲ့အနေအထားဖြစ်ပါတယ်။
.
ထို့ကြောင့်… ကျွန်တော်တို့ကို ပူးပေါင်းကူညီပေးကြပါလို့…မေတ္တာရပ်ခံအပ်ပါတယ်.ခင်ဗျာ
ကျေးဇူးပြုပြီး ကူညီပေးကြပါ ပိုးဆိုးတာက မိုးတွင်းကာလဆိုတော့ ဘာမှကိုမတွေ့ရ မမြင်ရလို့ပါဗျာ ပုံမှာမြင်ကြတဲ့အတိုင်းပါပဲ
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners