
တစ်ချို့ကလေးတွေဟာ အရွယ်နဲ့မလိုက်အောင် သိတတ်လွန်းပါတယ်။
သူတို့လေးတွေဟာ အခက်အခဲတွေ ကြုံနေရတဲ့ အချိန်မျိုးဆိုရင် ဖြူစင်နဲ့ နှလုံးသားလေးတွေနဲ့ ခံစားပေးနိုင်ကြပါတယ်။
.
အခုလည်း ဖိလစ်ပိုင်နိုင်ငံက အသက် ၆ နှစ် အရွယ်သာရှိတဲ့ Catherine Cadiente ဆိုတဲ့ ကလေးမလေးရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။
.
ကလေးမလေးရဲ့ မိသားစုဟာ ဆင်းရဲမိသားစု ဖြစ်တာကြောင့် အဆုတ်မကောင်းတဲ့ ဖခင်ဖြစ်သူအတွက် အောက်စီဂျင် ဝယ်ပေးဖို့ ပိုက်ဆံ အလုံအလောက်မရှိပါဘူး။
.
မိခင်ဖြစ်သူကလည်း အပြင်အထွက်ပြီး ပိုက်ဆံရှာနေရတာကြောင့် အဖေကို ပြုစုဖို့ တာဝန်က ကလေးမလေးရဲ့ ပုခုံးပေါ်မှာပါ။
ကလေးမလေးကတော့ အဖေကို ပြုစုစောင့်ရှောက်ချင်တဲ့ ဆန္ဒက ပြင်းပြတယ်လို့ပြောရမှာပါပဲ။
ဖခင်ခံစားနေရတာကို ကြည့်ပြီး ကြံရာမရတဲ့ အဆုံးမှာတော့ စက်ဘီးလေထိုးတံ နဲ့ အသက်ရှုရခက်တာ သက်သာစေဖို့ လုပ်ဆောင်ပေးပါတော့တယ်။
.
လေထိုးတံကို သူမရဲ့ ခွန်အားလေးနဲ့ဖိတွန်းပြီး ဖခင်ကို အနီးကပ်စောင့်ရှောက်ပေးနေတဲ့ ကလေးမလေး ဟာ ပင်ပန်းပေမယ့် အပြုံးမပျက်ပါဘူး။
.
ဒီအကြောင်းအရာလေးဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားပြီး လူပြောများခဲ့ပါတယ်။
.
ကံကောင်းတာ တစ်ခုကတော့ Catherine ရဲ့ ဖခင်အတွက် အောက်စီဂျင် အသက်ရှုစက်၊ ဆေးဝါးတွေနဲ့ အစားအသောက်တွေကို လှူဒါန်းပေးတဲ့ အလှူရှင်တွေ ပေါ်လာပါတော့တယ်။
.
ဘာပဲပြောပြော ကလေးမလေး ရဲ့ မိဘအပေါ်ထားတဲ့ စေတနာ နဲ့ လုပ်ရပ်ကတော့ အရွယ်နဲ့မလိုက်အောင် သိတတ်လွန်းတာ ဟာ လေးစားဖို့ကောင်းပါတယ်။
.
ဒါကြောင့်လည်း ကူညီချင်တဲ့သူတွေ ပေါ်လာတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
Shwe Yaung Myanmar ( Writer – WPO )
Photo – Front Row / GMA Public Affairs – YouTube