ဝမ်းသာစရာပါပဲ အိမ်က အသက် ၇၇ အရွယ်အဖွားက အောက်စီဂျင် လုံးဝမလိုဘဲ နေပြန်ကောင်းလာပါပြီ

နာတာရှည်ရင်ကျပ်ရောဂါရှိတဲ့ အသက် ၇၇နှစ်ကျော် ကျွန်တော့်အဖွား တောင် Oxygen မလိုဘဲ covid နဲ့ ပြန်ကောင်းခဲ့ပါပြီ

အိမ်မှာအဖွား စပြီး ဖျား ပီး နှစ်ရက်အကြာမှာ အနံ့စပျောက်ပါတယ် အနံ့ စပျောက်တဲ့နေ့ကစလို့ အဖွား စိတ်ဓာတ်ကျ ပီး အစား မစားတော့ပါဘူး

အဖွားက အသက်ကြီးတော့ အိမ်ကလူတွေတော်တော်စိတ်ပူသွားတာပေါ့

အစားလည်းမစားတော့ ပိုလို့တောင်စိတ်ပူပါတယ် ဒါပေမယ် အိမ်မှာ ရှိတဲ့သမီးတွေ မောင်နှမတွေကောမြေးတွေကော အစားကို မစား စားအောင် စိတ်အားမငယ်အောင် စလုပ်ပီးစိတ်ဓာတ် မကျအောင် လုပ်ရပါတယ်

အဝေးရောက်နေတဲ့ သမီးတွေကအစvideo call နဲ့အားပေး မြေးတွေနဲ့လည်းဖုန်းပြော တကယ်လည်း ပြန်ပျော်ရွှင်လာတာနဲ့ အစားကို အနည်းငယ်စစားလာပါတယ်

အိမ်ကလူတွေဝိုင်းဖွဲ့ ပီးသူ့နားမှာနေပီးဟာသ တွေပြောကြ အစားအသောက်အမျိုးမျိုးလုပ်ပီး စားကြ သောက်ကြ နဲ့ ပျော်ပျော်ရွှင် ရွှင်ဘဲ ဖြတ်သန်းကြတယ်

နေ မကောင်းတဲ့ နေ့ကစလို့ ငှက်သိုက် နေ့တိုင်းတိုက် ပေးပါတယ် ဆေးကတော့ Nutrivita တစ်ရက်တစ်လုံး Vitiman C 500mg တစ်ရက်တစ်လုံး

Paracetamol 500mg တစ် ရက် ၂ကြိမ် အဖျား တက်တဲ့ ရက်တွေမှာ တော့ သုံးကြိမ် လည်ချောင်းနာတဲ့ ရက်တွေမှာ Axithromycim တစ်ရက်၁ လုံး ၃ ရက်လောက်တိုက်လိုက်ရပါတယ် Oxygen နဲ့ အဖျားကို တော့ခဏခဏတိုင်းပေးရပါတယ်

ကျန်တာတော့ပျော်ရွှင် အောင်စိတ်ဓာတ်မကျ အောင်နဲ့ အစား အသောက် ကို မစား စာ အောင် လုပ်ပေးရပါတယ် ခုဆို အနံ့ပြန်ရပီး ကျန်းကျန်းမာမာ ဖြစ်နေပါပီ

စိတ်ဓာတ် ကလည်း အတော့်ကို ခိုင်မာလို့လည်းပါပါတယ်

အဲ့ တော့စဖြစ်ပီဆိုကတည်းက စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ပြန်ကောင်းမယ်ဆိုတဲ့စိတ်ကို ထားပေးကြပါ

ကျွန်တော်တို့အားလုံးတူတူ ဒါကြီးကိုဖြတ်ကျော်ကြမယ် အားလုံးအားတင်းထားပါ

Credit – Phyo Mratt Paing