
ပရဟိတသမားတစ်ဦးဖြစ်တဲ့ မရွှေကြာ ကိုဗစ်ကူးစက်ခံနေရ
ရန်ကုန်၊ဇူလိုင်(၂၂)
ပရဟိတလုပ်ငန်းတွေလုပ်ကိုင်ရင်း လူသိများတဲ့ မရွှေကြာ ကိုဗစ်ရောဂါကူးစက်ခံထားရပြီး
အောက်စီဂျင်ရှုနေရတယ်လို့ သူမနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံကသိရပါတယ်။
“ပရဟိတနဲ့ အစွမ်းကုန် ကူညီပေးနေတဲ့ မရွှေကြာအတွက် အောက်ဆီဂျင်အကူအညီပေးကြပါဦး၊
မရွှေကြာ ဖုံးအကုန်ပိတ်ထားပါတယ် ။
အောက်စီဂျင်ကမပြတ်ရှူ နေရတယ်၊ 5l စက်တလုံးထားပေးပေမယ့် မီးကမမှန်တော့ အိုး မကူလို့မရဖြစ်နေတယ်။
ဦးဇင်းနဲ့ခနတွေ့တုန်းတောင် မီးက လေးခါကျပါတယ် ။ 10L တလုံးရှာနိူင်ရင် ရွှေကြာ ပြည်သူတွေဆီအမြန်ပြန်လာနိူင်မယ်”လို့ သာသနာနွယ်ဖောင်ဒေးရှင်း
ပဓာနနာယကဆရာတော် အရှင် စန္ဒ ဇောတိ ကလူမှုကွန်ယက်ကနေတဆင့် အကူအညီတောင်းခံထားပါတယ်။