ဆေးလိပ်သောက်သူများအတွက် မဖြစ်မနေ စားပေးသင့်သော အစားအစာ(၅)မျိုး

ဆေးလိပ်သောက်ရင် ကျန်းမာရေးကိုထိခိုက်မယ်၊အထူးသဖြင့်အဆုတ်ကျန်းမာရေးကိုဆိုးဆိုးဝါးဝါးထိခိုက်စေမယ်ဆိုတာကိုတော့ဆေးလိပ်သောက်တဲ့သူတွေကိုယ်တိုင်လည်း သိကြပါတယ်။ဒါပေမဲ့မကောင်းမှန်းသိလျက်နဲ့ကိုမဖြတ်နိုင်ကြတာပါ။

မရှောင်နိုင်ရင်၊မကာကွယ်နိုင်ရင်တော့ကုသရပါမယ်။ဟုတ်ပါတယ် ကျနော်တို့အနေနဲ့ စားရင်းသောက်ရင်းနဲ့ပဲ အဆုတ်ကိုပြန်လည်သန့်စင်ကုသလို့ရပါတယ်။

အဆုတ်ကိုသန့်စင်ပေးတဲ့နေရာမှာ နာမည်ကြီးလှတဲ့စူပါအစားအစာ ၅ မျိုးကိုဖော်ပြပေးသွားပါ့မယ်နော်..

ကြက်သွန်

ကြက်သွန်ဆိုရာမှာအဖြူနှင့် အနီနှစ်မျိုးစလုံးပါဝင်ပါတယ်။ကြက်သွန်ကအဆုတ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ်။

အသက်ရှူလမ်းကြောင်းမှာရှိနေတတ်တဲ့ချွဲသလိပ်၊အညစ်အကြေးတွေကိုလည်းဖယ်ထုတ်ပေးနိုင်ပြီး အဆုတ်ကိုလည်းကျန်းမာသွက်လက်စေပါတယ်။

ငရုတ်သီး

နေ့စဉ်သင်စားနေတဲ့အစားအသောက်ထဲမှာငရုတ်သီးကိုထည့်စားပေးပါ။ငရုတ်သီးမှာပါဝင်တဲ့ဓါတ်တစ်မျိုးကအဆုတ်မှာကပ်ငြိနေတတ်တဲ့မကောင်းအသော အချွဲအကျိတွေကိုဖယ်ရှားပေးနိုင်ပါတယ်။

ထို့အပြင်ငရုတ်သီးမှာ Carotene နှင့် Vitamin C ကြွယ်ဝစွာပါဝင်တဲ့အတွက်အဆုတ်ကိုကျန်းမာစေပြီး ရောဂါပိုးတွေမဝင်နိုင်အောင်လည်းတားဆီးပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း

Broccoli လို့ခေါ်တဲ့ပန်းဂေါ်ဖီစိမ်းမှာပါဝင်တဲ့ Sulphoraphane ခေါ် compound တစ်မျိုးဟာသွေးဖြူဆဲလ်တွေကိုကောင်းမွန်စေပြီးအဆုတ်မှာ ရှိတတ်တဲ့အန္တရာယ်ရှိပိုးမွှားများနဲ့ အခြားအပျက်အစီးများကိုဖယ်ရှားပေးနိုင်ပါတယ်။

အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီးလူအများစုမှာ မကြာခဏဖြစ်တတ်တဲ့အဆုတ်နဲ့ပတ်သတ်တဲ့ရောဂါပိုး ကူးစက်ခြင်းတို့ကိုလည်းလျော့နည်းစေပါတယ်။

ဂျင်း

ဂျင်းကကျန်းမာရေးပြဿနာတွေ တော်တော်များများမှာအသုံးဝင်တဲ့အရာတစ်မျိုးပါ။

ဂျင်းသည်လည်း အဆုတ်မှာတွယ်ကပ်နေတတ်တဲ့ အချွဲအကျိတွေကိုဖယ်ရှားပေးနိုင်ပြီးအသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကိုလည်းကျန်းမာစေပါတယ်။

သလဲသီး

ဓါတ်တိုးဆန့်ကျင်မှုတွေကြွယ်ဝတဲ့သလဲသီးဟာ အဆုတ်အတွက်အထူးကောင်းမွန်ပြီးကင်ဆာဆဲလ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

သွေးလည်ပတ်မှုလည်းကောင်းမွန်စေပြီး အဆိပ်အတောက်တွေဖယ်ရှားဖို့အတွက်ကိုလည်း ကူညီပေးပါတယ်။

ကျန်းမာရေးကောင်းကျိုးများစွာရှိတဲ့သလဲသီးကိုလည်းစားသုံးဖို့၊သောက်သုံးဖို့အတွက်တိုက်တွန်းချင်ပါတယ်။

ပြောရမယ်ဆိုရင် ဆေးလိပ်သောက်တတ်သူတွေသာမဟုတ်ပါဘူးပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကလည်းအဆုတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

အဆုတ်ကျန်းမာရေးကိုဆေးလိပ်သောက်သူတွေသာမကဘဲနေ့စဉ် ပတ်ဝန်းကျင်မှာညစ်ညမ်းနေတဲ့ လေထုကိုရှူသွင်းရှူထုတ်လုပ်ရတဲ့လူသားတိုင်း အနေနဲ့လည်းဂရုစိုက်သင့်တဲ့အရာပါ။

ဒါကြောင့်ဆေးလိပ်သောက်တတ်ရင်ဒီအစားအစာ ၅ မျိုးကိုတော့မရှောင်မလွှဲဘဲစားဖြစ်အောင်စားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တတ်တဲ့သူရှိရင်လည်းဝေမျှပေးလိုက်ပါဦးနော်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners