
အဖြူရောင် အဝတ်အထည်တွေကို အစွန်းချွတ်ဆေး မသုံးဘဲ သဘာဝအတိုင်း ဖြူစင်အောင် လျှော်ဖွပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
အဖြူရောင် အဝတ်အစားတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဝါညစ်ညစ် အရောင်မျိုး ဖြစ်လာတတ်ပြီး အသစ်အတိုင်း ဖြူစင်လာဖို့ ခဲယဉ်းတတ်ပါတယ်။
အစွန်းချွတ်ဆေးတွေဟာ အဝတ်တွေကို ဆွေးမြေ့လာစေပြီး
အရေပြားကိုလည်း ထိခိုက်စေနိုင်တာကြောင့် အခုဖော်ပြမယ့် သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်ကြည့်ဖို့ ဖော်ပြပေးချင်ပါတယ်။
(၁) ရှာလကာရည်ဝါညစ်ညစ်ဖြစ်နေတဲ့ အဖြူရောင်
အဝတ်အစားတွေကို ဖြူစင်အောင် ပြုလုပ်ဖို့ ရှာလကာရည်ကို
ရှာလကာရည် ဘူးအဖုံးခွက် ၁ ခွက် (သို့မဟုတ်) ၂ ခွက်နဲ့ ရေအနည်းငယ်တို့ကို ရောစပ်ကာ ၁၅ မိနစ်ခန့် စိမ်ပြီး အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ပေးရမှာ ဖြစ်ပါတယ်။
ရှာလကာရည်ကို အသုံးပြုပြီး အဝတ်လျှော်ခြင်းဟာ အဖြူရောင် အဝတ်အထည်တွေကို ပိုမို ဖြူစင်စေတဲ့အပြင် အနံ့ဆိုးတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။
(၂) မုန့်ဖုတ်ဆိုဒါမုန့်ဖုတ်ဆိုဒါဟာ အဝတ်အထည်တွေကို ဖြူစင်စေတဲ့ ဓာတု အစွန်းချွတ်ဆေးတွေလိုမျိုးပဲ သက်ရောက်မှု ရှိပါတယ်။
အဝတ်လျှော်တဲ့အခါ အဝတ်လျှော် ဆပ်ပြာနဲ့အတူ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းအထိ ထည့်ပြီးမှ
လျှော်ဖွပ်ခြင်းက အဝတ်အထည်တွေကို ဘက်တီးရီးယား ကင်းစင်စေနိုင်သလို ပိုမို ဖြူစင်တောက်ပစေပါတယ်။
(၃) သံပရာသီးသံပရာသီးဟာ အဝတ်အထည်တွေကို အစွန်းချွတ်ရာမှာ ရှေးယခင်တည်းက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။
ရေ ခပ်နွေးနွေးထဲကို သံပရာရည် ထည့်ပြီး အဝတ်အထည်တွေကို နာရီဝက်ခန့် စိမ်ထားပေးပါ။
ပြီးရင်တော့အဝတ်လျှော် ဆပ်ပြာနဲ့ လျှော်ဖွပ်ပေးခြင်းက အဝတ်အထည်တွေကို ပိုမိုဖြူစင်လာစေနိုင်သလို အစွန်းအထင်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners