
” လူသိနည်းသော “ အုန်း မုတ် ခွက် ဆေးနည်း များ… ”
အခုပြောပြမယ့် ခွက်ကလေးက အုန်းမုတ်ခွက်လေး အကြောင်းပါ ။ ဖတ်ဘူးသမျှနဲ့ ကိုယ်တွေ့ ဆေးဖက်ဝင်တဲ့ အုန်းမုတ်ခွက် အကြောင်းလေးပါ …။
အညာဒေသရဲ့ ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ ချစ့်စရာ့ဓလေ့တွေ ဟာ… ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ ။
ရေချမ်းစင်မှာ သောက်ရေခွက်အဖြစ် အများအားဖြင့် အသုံးပြု ကြတာကတော့ အုန်းမုတ်ခွက် ပဲ ဖြစ်ပါတယ် …။
အိုးမုတ်ခွက် ကို အသေချာ အချော ကိုင် ၊ ခွက်နားစွန်း တဖက်တချက် မှာ အပေါက်ပြီး လက်ကိုင်ရိုးကို တတ်ထားပါ တယ် ။
အခွံမပါ၊ အမွှေးမပါ ခွဲထားပြီး၊ အသား၊ အဆန်ထုတ်ထားပြီး၊ လွှင့်ပစ်ထားသော အုန်းမုတ်ခွက် အခွံကို ဆိုလိုပါ တယ် …။
တင်းတိတ် ပျောက်ချင်ပါသလား။ သံပုရာသီးနဲ့ အုန်းမုတ်ခွက်ကို သွေးလိမ်းပါ လက်တွေ့ ပျောက်ပါတယ်။ သံပုရာသီး မသုံးပဲ အုန်းမုတ်ခွက်ပဲ သွေးလူးပါက သုံးခါလောက်လူးပြီး မျက်နာပြင် ချောမွေ့လာတာကို လက်တွေ့သိရပါ လိမ့်မယ် …။
“ဆေးနည်း တစ်မျိုးကတော့”
အုန်းမုတ်ခွက်တစ်ခုကို ရေဆေး နေလှမ်းပြီးပါက မီးရှို့ပါ။ ထွက်လာသော အငွေ့ကို သန့်သော ဒန်၊သတ္ထု အဖုံးတစ်ခုခုဖြင့် မှိုင်းခံပါ။ ( တစ်ချို့ကတော့ ဓါးမကြီး တစ်ချောင်းပေါ်မှာ တင်ပြီး လုပ်ပါတယ် မြန်မာနည်းပေါ့ )
အညိုရောင် အဆီများ ကပ်လာပါမည်။ ပွေးကိုသန့်သော ပစ္စည်းတစ်ခုဖြင့် ခြစ်ပါ။ အပေါ်ယံအရေပြား ပွန်းသွားပါက၊ အုန်းမုတ်ခွက် အဆီကို ခြစ်ယူပြီး သုတ်ပေးပါ။
အနည်းငယ်စပ်ပြီး ပျောက်ပါသည်။ ( ပွေးရောဂါ လက်တွေ့ ပျောက်ပါသည် ….။ ) “နောက်တစ်နည်းကတော့ တကယ်အသုံးဝင်တဲ့ မိတ်ကပ် တစ်မျိုးပေါ့ ”
အပျိုဖော်ဝင်ကာစ လူပျိုအပျိုလေးတွေနဲ့ မျက်နှာမှာ အဖုအထစ်တွေနဲ့ လကမ္ဘာအလား အစက်အပြောက်တွေ ထူလပြစ်နဲ့ နဂိုရုပ်ခံကို ပျက်စီးစေတဲ့ ဝက်ခြံ တင်းတိတ် နေလောင်နာတွေအတွက် ရက်တိုတိုအတွင်း ပျောက်ကင်း ချောမွတ်နေစေဖို့ အုန်းမုတ်ခွက် အရင့်တစ်လုံးကို သွေးပြီး သနပ်ခါးလိမ်းသလို ညတိုင်း လိမ်းအိပ်ပေးရမှာပဲ ဖြစ်ပါ တယ် …။
အုန်းမုတ်ခွက် ဆိုပြီး လျှော့တော့ မတွက်လိုက်ပါနဲ့ လိမ်းထားလို့ ခြောက်သွားရင် သနပ်ခါးနဲ့ မခြားပါဘူး လက်လေးနဲ့ အသာပွတ်ကြည့်လိုက် ချောမွတ်နေတဲ့ အထိအတွေ့က .ဆက်မပြောတော့ဘူး လိမ်းဘူးတဲ့သူတွေသာ မေးကြည့်ပါတော့ …။ ။
Credit: wunyan
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners