ယနေ့ခေတ်လူငယ်တွေ မသိတော့တဲ့ အုတ်သဲကျောက် တွက်နည်းများ

အဆောက်ဦးဆောက်ဖို့ စဉ်းစားတဲ့အခါ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုဂရမ်လေးပြီး အိတ်၂၀ ဆိုရင် အလေးချိန် ၁ တန်ရှိပါတယ်။အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ် ဆွေ

တို့အနေဖြင့် ဘိလပ်မြေ ဘယ်လောက်အသုံးပြုရမလဲဆိုတာကို အကြမ်းဖျင်း သိနိုင်စေဖို့ ထပ်ဆင့်ဖော်ပြပေးပါ့တယ်။မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ ကျင်း ဘယ်နှကျင်းရှိသလဲဆိုပြီး ရေတွက် ပြောဆိုကြပါတယ်။

ကုဗကျင်း နှင့် စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

“ကုဗကျင်း”

ကုဗကျင်းက အလျား x အနံ x အမြင့် အတိုင်းအတာ (၃) ခု မြှောက်တာပါ။အဆိုပါ (၃) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။၅၀ ဆို ကျင်းဝက်၊၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို ၉ လက်မနှင့်အထက်အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ရှိသမျှ အလျား အနံ အမြင့်တွေ လိုက်မြှောက်ပြီး ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။

1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃အိတ်ခန့် ၊သဲကျင်းဝက် ၊ကျောက် ၁ ကျင်း– 1:2:4 အချိုး ၊ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် ၊သဲကျင်းဝက် ၊ကျောက် ၁ ကျင်း – 1: 1-1/2 အချိုး ၊ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် ၊သဲကျင်းဝက် ၊ကျောက်၁ ကျင်း– အများသုံးတဲ့ 1:4 အချိုးဆို ၊ဘိလပ်မြေ ၆ အိတ်နီးပါး ၊သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

” စကွဲယားကျင်း ”စကွဲယားကျင်းက အလျား x အနံ အတိုင်းအတာ (၂) ခု မြှောက်တာပါ။အဆိုပါ (၂) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။၄လက်မခွဲ အုတ်စီခြင်းတို့ဆေးသုတ်ခြင်းတို့ ၊အမိုးမိုးခြင်းတို့ ၊ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။– 1:4 အချိုး ==ဘိလပ်မြေ ၂.၇ အိတ် ၊သဲ .၁၁ ကျင်း ဖြစ်ပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners