ခွဲစိတ်ရင် (၁၀) သိန်းအထက် ကုန်ကျမယ့် နှလုံးသွေးကြောကျဉ်းရောဂါကို တစ်ပြားမှ မကုန်ဘဲ ပျောက်ကင်းသက်သာသွားတဲ့ဆေးနည်း

ခွဲစိတ်ရင် (၁၀) သိန်းအထက် ကုန်ကျမယ့် နှလုံးသွေးကြောကျဉ်းရောဂါကို တစ်ပြားမှ မကုန်ဘဲ ပျောက်ကင်းသက်သာသွားတဲ့ဆေးနည်း

နှလုံး သွေးကြောကျဉ်းပြီး အသက်ရှူုမဝ၍ ဆရာဝန်နှင့်ပြ၊ ဆေးများသောက်သော်လည်း သက်သာလှသည် မဟုတ်ပါ။

နုလုံး အထူးကုဆရာဝန်ကြီးနှင့် ပြကြည့်ရာ ခွဲစိတ်ဖို့အကြံပေးပြီး ရက်ချိန်းပေးထားသည် ဆိုပါသည်။ထိုသူငယ်ချင်း ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။

ဖေ့ဘုတ်ပေါ်မှ ဆေးနည်းကောင်းလေးတစ်ခုရ၍ခွဲစိတ်ချင်သော စိတ်ဆန္ဒလည်းမရှိသောကြောင့် ထိုဆေးနည်းလေးအား အားကိုးအားထားကာ ဆေးညွှန်းအတိုင်းဆောင်ရွက်ခဲ့ပါသည်။သူငယ်ချင်းအားလည်း မခွဲစိတ်စေချင်ပါ။

အကြောင်းကား ခွဲစိတ်မည်ဆိုပါကသိန်း(၁၀)အထက်သာ ကုန်ကျမည်ဖြစ်ပြီးဝန်ထမ်းတစ်ယောက်၏ လစာအခြေအနေနှင့် လုံးဝမလွယ်ကူသောကြောင့် ဖြစ်သည်။

သူငယ်ချင်း ဆုတောင်းပြည့်ပါသည်။ခွဲစိတ်စရာမလိုတော့ပါ။ နှလုံးသွေးကြောကျဉ်းရောဂါ သိသိသာသာသက်သာသွား၍ဖြစ် လေသည်။

ထိုဆေးနည်းမှာ

(၁)ချင်းစိမ်းသတ္တုရည်လက်ဖက်ရည်ပန်းကန်(၁)ခွက်၊(၂)ကြက်သွန်ဖြူသတ္တုရည်လက်ဖက်ရည်ပန်းကန်(၁)ခွက်၊(၃)ရှောက်ရည်လက်ဖက်ရည်ပန်းကန်(၁)ခွက်၊(၄)ပန်းသီးရှာလကာရည်လက်ဖက်ရည်ပန်းကန်(၁)ခွက်ထို(၄)ခွက်အားဆတူရော၍ (၃)ခွက်လျှင် (၂)ခွက်ကျန်အောင် ကျိုရပါမည်။

ထို(၃)ခွက်(၂)ခွက်စာ ကျန်ပါကပျားရည်စစ်စစ်လက်ဖက်ရည်ပန်းကန်လုံး(၃)ခွက် နှင့် နနွင်းမှုန့် ကွမ်းသီးလုံး(၁)လုံးစာမျှထည့်မွှေပြီး တစ်ညအိပ်နှပ်ထားရပါမည်။

တစ်နေ့လျှင်ထမင်းစားဇွန်း(၁)ဇွန်းသောက်ပါ။ပန်းသီးရှာလကာရည်ကိုအသင့်ဝယ်ယူ၍ရနေပါပြီ။ထိုဆေးနည်းမှာနက္ခတ္တရောင်ခြည်တွင် ဖတ်ရှုရသောမောင်အေးကြူ(စီးပွားရေး)၏ နှလုံးသွေး ကြောကျဉ်း ဝေဒနာရှင်များအတွက် မှ ထုတ်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။နှလုံးသွေးကြောကျဉ်းရောဂါ သက်သာသည်မှာ အမှန်ဖြစ်ပါ၍ ထပ်ဆင့် ဝေငှလိုက်ရပါသည်….။

လိုသူယူသုံး

စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…။

Credit…ရဲမျိုးသူ(ဗောဓိမြိုင်)

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners