အဆိုတော် အောင်လ နဲ့ ပတ်သတ်ပြီး စိုးရိမ်စွာနဲ့ အကူအညီတောင်းလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

အခုတလော မြန်မာပြည်ရဲ့ ကိုဗစ်ကူးစက် နှုန်းဟာ ကြောက်ခမန်းလိလိ မြင့်တက်လာတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။

.

အဆိုတော် အောင်လ ကလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရတာ ဖြစ်ပြီး ရောဂါ လက္ခဏာ တွေကို ခံစားနေရတာ ဖြစ်ပါတယ်။

.

ဒါနဲ့ ပတ်သတ်ပြီး အောင်လရဲ့ ဇနီးဖြစ်သူ ဝိုင်းစုခိုင်သိန်း က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ စိုးရိမ်စွာနဲ့ပဲ အခုလို အကူအညီတောင်းခံထားပါတယ်။

.

“ကိုအောင်လ အောက်ဆီဂျင်ကျနေလို့ပါ အောက်ဆီဂျင်အိုးလေး ဌားလို့ရရင် ဌားပေးပါနော် ” ဆိုပြီး ရေးသားထားပါတယ်။

.

အောင်လ နဲ့ ပတ်သတ်ပြီး ဗုံးပေါက်တယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေတဲ့ အပေါ် ဝိုင်းစုက အခုလိုပဲ ဖြေရှင်းထားပါသေးတယ်။

.

“Covid ဖြစ်နေတာကလွဲရင် ဗုံးလဲမပေါက်ပါဘူး covid ဖြစ်လို့ရော မဖြစ်ခင်တည်းက အပြင်ကိုမထွက်ဖြစ်တာ ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံးသိမှာ

လိမ်လို့ရတဲ့အရာလည်းမဟုတ်ဘူး သေချာရေရာမသိပဲ တင်ချင်ရာတွေ ခေါင်းစဉ်တပ်ပြီး လျှောက်မတင်ကြပါနဲ့တော့ လာမေးကြတာကိုပြန်ဖြေရတာနဲ့တင်မောလွန်းလို့ပါ ” ဆိုပြီး မေတ္တာရပ်ခံထားပါသေးတယ်။

အောက်စီဂျင် ကျနေတဲ့ အောင်လ ကို ပရိတ်သတ်တွေကလည်း စိုးရိမ်နေကြပြီး အမြန်သက်သာလာဖို့ မျှော်လင့်နေကြပါတယ်။

Shwe Yaung Myanmar ( Writer – WPO )