ဆန်တစ်ပြည် ငွေတစ်ကျပ်၊ကြက်ဥဆယ်လုံးကို ငွေတစ်ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့တဲ့လေးစားဖွယ် ပြည်သူတစ်ဦး

ဆန်တစ်ပြည် ငွေတစ်ကျပ်၊ကြက်ဥဆယ်လုံးကို ငွေတစ်ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့တဲ့ လေးစားဖွယ် ပြည်သူတစ်ဦး

.

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူ ပြည်သားတွေကတော့ ရုတ်တရာက် ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေ အပြင် ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကိုပါ ထပ်မံ ရင်ဆိုင်နေရတာကြောင့် အရာရာ အဆင်မပြေမှုတွေကို ကြုံတွေ့နေကြရပါတယ် ။

.

အလုပ်တွေလည်း ရပ်နားထားကြရလို့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ၊ ကျန်းမာရေး မကောင်းနေသူတွေ အတွက် စားဝတ်နေရေး အရမ်းကို ခက်ခဲနေကြတာပါ ။

.

ဒီလိုတွေ ပြည်သူတွေ ခက်ခဲနေကြလို့ စေတနာ အလှူရှင်တွေ ပရဟိတ အသင်းတွေ စုပေါင်းပြီး တတ်နိုင်သလောက် ဝိုင်းဝန်းကာ ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။

.

ဒါ့အပြင် ဒီရက်ပိုင်းမှ အဆမတန် ဈေးတက်နေတဲ့ ကြက်ဥတွေကိုလည်း တစ်ချို့ အလှူရှင်တွေက ငွေငါးကျပ်နဲ့ ရောင်းပေးတာတွေ ၊ လှူဒါန်ပေးတာတွေ ပြုလုပ်လာကြတာ တကယ်ကြည်နူး ပီတိဖြစ်စရာပါ ။

.

အခုလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်စုတွေအတွက် ခဏတာပဲဖြစ်ဖြစ် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဆန်တစ်ပြည် (သို့မဟုတ် ) ကြက်ဥ ဆယ်လုံးကို ငွေတစ်ကျပ်နှုန်းနဲ့ ရောင်းပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ ပို့စ်လေး ပျံ့နှံ့ခဲ့ပါတယ် ။

.

ပုံတွေထဲမှာ အလုအယက် လာရောက်ဝယ်ယူပြီး ပျော်ရွှင်နေကြတာကို တွေ့ရတာ အပျော်တွေကူးစက်မိတာ အမှန်ပါပဲ ။

.

ပရိသတ်ကြီးအတွက် ဆန်တစ်ပြည် (သို့မဟုတ် ) ကြက်ဥ ဆယ်လုံးကို ငွေတစ်ကျပ်နဲ့ ရောင်းချပေးနေတဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

.

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners