
နဖူးပြောင်သူလေးတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ…
နဖူးပြောင်သူတွေရဲ့ သူများနဲ့ မတူဘဲ ကွဲပြားတဲ့
စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ …
နဖူးကျယ်တဲ့ သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး
စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့
နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထားတတ်ကြပါတယ်။
တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး
နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော်
(၁) ကိုယ့်အားကိုယ်ကိုးတတ်တယ်
သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး
ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့ သူလေးတွေ ဖြစ်ပါတယ်။
အခက်အခဲနဲ့ ကြုံတွေ့ရတဲ့ အချိန်မှာ ကိုယ်တိုင် ကြိတ်ဖြေရှင်းနေတတ်ပြီး
တခြားလူတွေကို အကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့ သူတွေပါ။
(၂) လွယ်လွယ်နဲ့ မပြိုလဲတတ်ဘူး
တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင် လုပ်တတ်တယ်၊
ဘယ်လို အတိုက်အခိုက်မျိုးတွေနဲ့ပဲ ကြုံရပါစေ
လွယ်လွယ်နဲ့ ပြိုလဲမသွားဘဲ ကြံ့ကြံံ့ခံနိုင်တဲ့၊
စိတ်ဓာတ်ခိုင်မာတဲ့ သူလေးတွေလည်း ဖြစ်ကြပါတယ်။
(၃) ကန့်သတ်ချုပ်ချယ်တာကို မုန်းတယ်
လွတ်လပ်တာကို ကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်တတ်တယ်၊
ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာ မဟုတ်တဲ့ သူတွေပေါ့။
(၄) တော်တဲ့သူတွေ
နဖူးကျယ်တဲ့သူတွေရဲ့ cranial cavity ပိုကြီးတာကြောင့် ဦးနှောက်လုပ်ဆောင်မှု ပိုကောင်းပါတယ်။
အဲ့ဒါကြောင့် ဖြတ်ထိုးဉာဏ်ကောင်းတယ်၊
ပြဿနာဖြေရှင်းရာမှာ တော်ကြတဲ့ သူတွေဖြစ်ပါတယ်။
(၅) ကံကောင်းတတ်သူတွေ
နဖူးမြင့်ပြီး ကျယ်တဲ့သူတွေက ဘာပဲလုပ်လုပ်
ကံကောင်းတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။
အခက်အခဲတစ်ခုခု ဖြစ်ရင်လည်း ဖြေရှင်းလို့ မရလောက်အောင်
ခက်ခဲနေတာမျိုး မဟုတ်ဘဲ၊ ပြေလည်သွားတတ်ကြပါတယ်။
(၆) ကိုယ်ကျင့်တရား ကောင်းမွန်တယ်
ဉာဏ်ကောင်းပြီး စဉ်းစားဆင်ခြင်ဉာဏ်လည်း ကောင်းတဲ့သူတွေ ဖြစ်တာကြောင့်
ကိုယ့်ရဲ့သိက္ခာ ကျဆင်းမယ့် လုပ်ရပ်တွေကို မလုပ်မိအောင်
စောင့်ထိန်းနိုင်သူတွေဖြစ်ကြပါတယ်။
ကိုယ်ကျင့်တရား ကောင်းတဲ့သူတွေလို့ ပြောရမှာပါ။
MAY THAZINHTOO
Credit : ဆရာသန်းလင်းအောင်