လမ်းဘေးတွင် သစ်သီးဝလံများရောင်းချကာ သားသမီးတို့၏ စားဝတ်နေရေးအတွက် ကြိုးစားမေးနေသည့်မိခင်ကို မွေးနေ့ကိတ်လေးပြုလုပ်ပေး ကျေးဇူးသိတတ်ခဲ့သည့် သားလိမ္မာ

လမ်းဘေးတွင် သစ်သီးဝလံများရောင်းချကာ သားသမီးတို့၏ စားဝတ်နေရေးအတွက် ကြိုးစားမေးနေသည့်မိခင်ကို မွေးနေ့ကိတ်လေးပြုလုပ်ပေး ကျေးဇူးသိတတ်ခဲ့သည့် သားလိမ္မာ


မိဘတို့ဆိုသည်မှာ သားသမီးတို့အတွက်ဆိုလျှင် အရာရာကိုပေးဆပ်ရန် အသင့်ရှိနေကြသူများပင်ဖြစ်ပေသည်။

လူ့လောကကြီးထဲတွင် သားသမီးတို့ မျက်နှာမငယ်စေရေးအတွက် မိဘတို့သည် ကြုံရာအလုပ်ကို လုပ်ကိုင်ကာ ကြိုးသားပေးနေကြပေသည်။

အချို့မိဘများသည် နေပူကြီးထဲတွင် စျေးရောင်းချခြင်း အများမနှစ်သက်သောအလုပ်များကို လုပ်ကိုင်ခြင်းဖြင့် သားသမီးတို့၏ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်။ထို့ကြောင့် သားသမီးတို့အနေဖြင့် မိဘကျေးဇူးအထူးသိတတ်ရန် လိုအပ်လှပေသည်။

ယခုတွင်လည်း ကောင်လေးတစ်ဦး၏ မိခင်ဖြစ်သူကို မွေးနေ့ကိတ်လေးပြုလုပ်ပေးပြီး ကျေးဇူးသိတတ်ခြင်းသည် အလွန်ပင်လေးစားဖွယ်ကောင်းလှပေသည်။

လမ်းဘေးလေးတွင် အသီးအနှံများရောင်းချကာ ပင်ပန်းမှုဒဏ်ကို ခံစားနေရသော မိခင်အတွက် မွေးနေ့ကိတ်လေးတစ်ခုဟာ အပန်းပြေစေမှာ သေချာပါတယ်။