ကန်စွန်းစိုက်ဖို့ မြေနေရာမရှိသူတွေအတွက် အပင်ဖောက် စိုက်ပျိုးနိုင်မည့် နည်းလမ်း

ကန်စွန်းစိုက်ဖို့ မြေနေရာမရှိသူတွေအတွက် အပင်ဖောက် စိုက်ပျိုးနိုင်မည့် နည်းလမ်း

ကန်စွန်းစိုက်ဖို့ မြေနေရာမရှိသူတွေအတွက် ရက် ၂၀ ( ၃ ပတ်အတွင်း ) အတွင်း လတ်လတ်ဆတ်ဆတ် ကန်စွန်းရွက် အပင်ဖောက်ပြီး စားနိုင်မယ့် စိုက်ပျိုးနည်းလမ်း ဖြစ်ပါတယ်။

ကန်းစွန်းမျိုးစေ့ကို မျိုးစေ့ရောင်းတဲ့ ဆိုင်တွေမှာ မေးဝယ်ပါ။

စတင်စိုက်ရန် လိုအပ်ချက်များကတော့

၁။ စကာပေါက်ပါ ခြင်းအသေးလေးတစ်လုံး

၂။ ရေဇလုံ / စကာပေါက်အနေတော်ကျမယ့် ပုံးတစ်ပုံး

၃။ ရေ

၄။ကန်စွန်းရွက်မျိုးစေ့ ပျိုးနည်းကတော့ အရမ်းလွယ်ပါတယ်

ဖော်ပြထားတဲ့ ၄ မျိုးအဆင်သင့်ဖြစ်ပြီဆိုရင် ကန်စွန်းရွက်မျိုးစေ့ကို ခြင်းထဲထည့်လိုက်ပါ။

ထို့နောက် ရေထည့်ထားသော ဇလုံ(သို့မဟုတ်) ပုံးထဲကို ကန်းစွန်းရွက်မျိုးစေ့ကို အနေတော် ရေနစ်ရုံလေး ထားလိုက်ပါ။

၂ ရက် ၃ ရက် ကြာသွားတဲ့အခါမှာတော့ ကန်းစွန်းရွက် အပင် စပေါက်လာတာကို မြင်တွေ့ရပါလိမ့်မယ်။ အဲဒီနောက်မှာတော့ နေရောင်ခြည် ရရှိနိုင်တဲ့နေရာမှာ အပင်ကြီးထွားလာနိုင်စေရန် ထားရှိ စောင့်ဆိုင်းပြီး အပင်ကြီးထွားလာသည်နှင့် အမျှ စားသုံးလို့ရပါပြီ။

အကယ်၍ စာဖတ်သူများမှ ပိုမိုကောင်းမွန်ပြည့်စုံသော စိုက်ပျိုးနည်းစနစ်များ၊စိုက်ပျိုးပုံ နည်းလမ်းများ ရှိပါက ဖြည့်စွက်ကွန်မန့်များ ရေးသားမျှဝေပေးစေချင်ပါတယ။


သက်ဆိုင်သူအားလုံး ခရက်ဒစ်