တစ်ကိုက်စားမိတာနဲ့တင် အသက်ဆုံးပါးသွားသည်အထိ၊အန္တရယ်ပြုနိုင်သော အဆိပ်သစ်သီးအကြောင်း

သစ်သီးတော်တော်များများကိုတော့ဆေးအဖြစ်ဒါမှမဟုတ်စားသုံးဖို့အတွက်နည်းအမျိုးမျိုးနဲ့အသုံးပြုကြပေမယ့်အသီးအကုန်လုံးကိုတော့အသုံးပြုလို့မရပါဘူး။

စားသုံးလိုက်ရင် အဆိပ်အတောက်တွေဖြစ်စေနိုင်တဲ့အသီးတွေရှိသလိုလူတွေကိုဒုက္ခများစွာရောက်စေတဲ့အသီးတွေလည်းရှိပါတယ်။

ဒီတစ်ခေါက်မှာဆိုရင်တော့စားတာနဲ့လူတွေကိုသေရွာပို့ပေးနိုင်တဲ့ထူးဆန်းတဲ့သစ်သီးအကြောင်းကိုဖော်ပြပေးချင်ပါတယ်။

ဒီအသီးရဲ့ပုံစံကိုကြည့်လိုက်ရင်တော့အသီးဟာစားလို့ကောင်းမယ့်အသီးလို့ထင်ရပေမယ့်တစ်ကိုက်စားမိရင်အန္တရယ်ဖြစ်စေနိုင်မယ့်အဆိပ်တွေကအသီးအတွင်းမှာပြည့်နှက်နေတယ်လို့သိရပါတယ်။

အဲဒီသစ်ပင်ရဲ့အမည်ကတော့Manchineelဖြစ်ပြီးတစ်နည်းအားဖြင့်Poison Guava လို့လည်းခေါ်ပါတယ်။ဒီအပင်တွေကိုတော့အမေရိကန်ရဲ့ဖလော်ရီဒါ၊ဘမားမတ်၊မက္ကဆီကို နဲ့တောင်အမေရိကနိုင်ငံအချို့မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

တောင်အမေရိကမှာတော့ဒီအပင်ကို“TreeofDeath”သေမင်းတမန်သစ်ပင်လို့လူသိများပါတယ်။ကမ္ဘာကျော်ရေကြောင်းခရီးသွားလာသူကိုလံဘတ်နဲ့သူ့ရဲ့သင်္ဘောသားတွေလာရောက်ခဲ့တဲ့အချိန်တည်းကဒီအပင်ကိုသိခဲ့ကြပါတယ်။

စားမိသူတချို့သေဆုံးခဲ့တဲ့အတွက်သူ့ရဲ့မှတ်တမ်းထဲမှာဒီအပင်ကိုသေစေတဲ့ပန်းသီးငယ်(littleappleofdeath)လို့မှတ်တမ်းတင်ထားခဲ့ပါတယ်။

နာမည်ကြီးစပိန်လူမျိုးနယ်မြေချဲ့ထွင်သူတစ်ဦးဖြစ်တဲ့ Juan Ponce de León ဟာဒီအဆိပ်သုတ်လိမ်းထားတဲ့မြှားကြောင့်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ဒါ့ကြောင့်ဒီအပင်တွေကိုလူတွေထိတွေ့ကိုင်တွယ်ဖို့ တားမြစ်ထားပြီး အန္တရာယ်ရှိတဲ့အပင်အဖြစ် သတ်မှတ်ထားကြပါတယ်။