“Oxygen စက် ၄၅ ရက်အတွင်း အပြီးတည်ဆောက်မည့် ဆရာလေးခေမာရံသီ”

“Oxygen Filling Plant စက် ၄၅ ရက်အတွင်း အင်းတကော်မြို့၌ အပြီးတည်ဆောက်မည့် ဆရာလေးခေမာရံသီ”

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ် (၆) ရပ်ကွက်ရှိသည့် သုညတဓမ္မရံသီတရားရိပ်သာ ဦးစီးတည် ထောင်သူ ဆရာလေးခေမာရံသီသည် Oxygen Filling Plant စက်ကို ၄၅ ရက်အတွင်း အင်းတကော်မြို့၌ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဆရာလေး ခေမာရံသီဦးစီးတည်ထောင်ထားသော သုညတဓမ္မရံသီ တရားရိပ်သာသည် ရာသက်ပန်ရိပ်သာ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရချိန် အောက်ဆီဂျင်မရရှိ၍ အသက်ဆုံးရှုံးနေကြရသူများအား

တစ်ဖက်တစ် လမ်းမှ ကူညီပေးနိုင်ရေးအတွက် ဆရာလေးခေမာရံသီမှ သိန်း ၁၀၀ နှင့် Sea Ranger Donation Group မှ သိန်း ၁၀၀ ဦးဆောင်မတည်၍ ၈ လပိုင်းအကုန်တွင် စက်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်

။အောက်ဆီဂျင်အိုးများနှင့် လတ်တလောရက်ပိုင်းအတွင်း အရေးပေါ်လူနာများအား ဖြန့်ဝေနိုင်ရေး ယခင် ရောက်ရှိသည့် 40L အိုး ၁၀၀ အပြင်၊ ၄ ရက်အတွင်း ထပ်မံရောက်ရှိမည့် 40L အိုး ၂၀ နှင့် ၁၀ ရက်အတွင်း ရောက်ရှိမည့် 15L အိုး ၁၀၀ ထပ်မံမှာယူထားကြောင်း သိရသည်။