လတ်တလောငွေကြေးအခက်အခဲဖြစ်နေတဲ့အတွက် သူမပိုင်ဆိုင်တဲ့ တိုက်ခန်းလေးကို ရောင်းချဖို့စီစဉ်နေတဲ့ အေသင်ချိုဆွေ

ပရိသတ်ကြီးရေ အဆိုတော် အေသင်ချိုဆွေကတော့ အနုပညာလှုပ်ရှားမှုတွေ ဘာတစ်ခုမှ လုပ်ဖို့မရတဲ့ ကာလဖြစ်နေတာကြောင့် ငွေရေးကြေးရေး အဆင်မပြေနေကြောင်း ထုတ်ပြောလာပါပြီနော်။

ဒါ့ကြောင့် ပိုင်ဆိုင်မှုတွေထဲမှကွန်ဒိုတစ်ခန်းကို သိန်း(၂၈၀၀) ဖြင့် ရောင်းချမယ်လို့ ဈေးခေါ်ထားပါတယ်နော်။ အခန်းဖွဲ့စည်းထားပုံတွေကိုလည်းဓာတ်ပုံတွေနဲ့တကွ တင်ပေးထားပါတယ်နော်။

” ဒီလို အချိန်မှာ မတင်ချင်ပါဘူး။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် I’m just broke ( မွဲနေပြီပေါ့ကွယ်) 😔😔😔အဲ့တော့ အရင်ပေါက်ဈေး သိန်း ၃၀၀၀ ကျော်ကွန်ဒိုလေးကို အခု သိန်း ၂၈၀၀ အပိတ်နဲ့ရောင်းချင်ပါတယ်။

လှူချင်တာလေးတွေလည်းရှိ လုပ်စရာလေးတွေလည်းရှိပေးစရာလေးတွေလည်းရှိ ဆိုတော့ Golden Parami condo က အေသင် ကွန်ဒိုအခန်းလေးရောင်းချင်ပါတယ်ရှင့် ။

အသေးစိတ်ကို အောက်မှာရေးပေးထားပါတယ်ရှင့် Golden Parami Luxury condo MICT park နဲ့နီးCity mart , market place, Sein gay Har တို့နဲ့လည်း နီးပါတယ်။ မြို့နယ်ကတော့ လှိုင်မြို့နယ်မှာပါ။ ရုံးခန်းဖွင့်ဖို့အတွက် အရမ်းသင့်တော်ပါတယ်။လူနေပြီး ရုံးခန်းဖွင့် လည်း အရမ်းသင့်တော်ပါတယ်။ ကားပါကင်၂ထပ်နဲ့ Gym / swimming pool/ 24hour security ရှိပါတယ်။

လစဉ်ကြေး– ၅၀၀၀၀ ကျပ်။ လေဆိပ်နဲ့လည်း နီးတယ် ၊ လမ်းထဲလဲအရမ်းမဝင်ရ လမ်းထိပ်လေးတင်ရှိတာပါ။ ဒေါင့်ခန်း ဖြစ်တဲ့ အတွက် လေဝင်လေထွက် အရမ်းကောင်းပါတယ်။