
၁။ ပလတ်စတစ်ထမင်းဘူး
————————–
ပလတ်စတစ်ကို ပိုပြီးတော့ ပြုပြင်ရလွယ်အောင်လို့ တစ်ချို့ထုတ်လုပ်သူတေွက ဓာတု ပစ္စည်းတေွ ထည့်တတ်ပါတယ်။
ဒါပေမယ့် အဲဒီ ဓာတုပစ္စည်းတေွက ကျန်းမာရေးအတွက် အလွန်ဆိုးဝါးတဲ့ပြဿနာကို ဖြစ်စေပါတယ်။
ဒါကြောင့် အဲဒီ ဓာတုပစ္စည်းတေွကို သင့်အစားအသောက်နဲ့ သင့်ကိုယ်ထဲမှာတော့ မလိုချင်လောက်ပါဘူးနော်။
၂။ မီးဖိုချောင်ဘေစင်
————————–
သင့်ဟင်းလျာထဲက အစားအသောက်တေွက သင့်ဘေစင်မှာ တစ်ခါတလေ ကျန်နေခဲ့မယ်ဆိုရင်
အဲဒီ ကျန်ခဲ့တဲ့အရာလေးတေွက ဘက်တီးရီးယားတေွ မေွးဖွား လို့ရတဲ့ ပတ်ဝန်းကျင်တစ်ခုအနေနဲ့ ထောက်ပံ့ပေးနေပါတယ်။
ဒါဆို မီးဖိုချောင်ဘေစင်က တကယ့်ကို ညစ်ပတ်တဲ့နေရာတစ်ခု ဖြစ်နိုင်ပါတယ်။
၃။ ဓားများ
————
သင့်ရဲ့ဓားတေွက အမြဲတမ်း ထက်နေသင့်ပါတယ်။
တကယ်လို့ သင့်ဓားတေွက မထက်ဘူးဆိုရင်တော့ သင် တစ်ခုခုကိုလှီးဖြတ်တဲ့အချိန်မှာ ချော်ထွက်သွားပြီးတော့
သင့်လက်နဲ့တစ်ခြား ကိုယ်အစိတ်အပိုင်းတေွကို ကောင်းကောင်း ထိခိုက်စေနိုင်ပါတယ်။
၄။ ရေမြုပ်
————-
သာမန်မီးဖိုချောင်သုံး ရေမြုပ်မှာ ပါဝင်တဲ့ ဘက်တီးရီးယားတေွက အရမ်းကိုမြန်ဆန်စွာနဲ့ ဘက်တီးရီးယားတေွ ပေါက်ပွားစေနိုင်ပါတယ်။
ဒီအတိုင်းပဲ ပှံမှန် ဆေးချှတ်နေရုံနဲ့တော့ အန္တရာယ်ရှိတဲ့ပိုးမွှားတေွ မပေါက် ပွားနိုင်အောင် မကာကွယ်နိုင်ပါဘူး။
ဘက်တီးရီးယားကို သတ်ဖို့အတွက်ဆိုရင်တော့ သင် စိုနေတဲ့ရေမြုပ်ကို မိုက်ခရိုဝေ့ဗ်နဲ့ခြောက်အောင်လုပ်တာမျိုး
ဒါမှမဟုတ် အရောင်ချွတ်ဆေး အပျော့စားနဲ့ အချိန်နည်းနည်းကြာအောင် နှစ်ထားတာမျိုးတေွ ပြုလုပ််နိုင်ပါတယ်။
ဒါမှမဟုတ် ပန်းကန်ဆေးတဲ့ စက်ထဲမှာ အကြာဆုံးနဲ့အပူဆုံး စနစ်ကို ရေွးပြီးတော့ ထည့်ထားလိုက်လို့လည်း ရပါတယ်။
၅။ လက်သုတ်ပုဝါ
—————-
လက်သုတ်ပုဝါတေွက သင့်ရဲ့ မီးဖိုချောင်ထဲမှာ အညစ်ပတ်ဆုံးအရာတေွထဲက တစ်ခုပဲ ဖြစ်ပါတယ်။
သင်က တကယ်လို့ သင့်ရဲ့လက်မဆေးခင် အချိန်မှာရော ဟင်းချက်နေတဲ့အချိန်တေွမှာပါ တစ်ချိန်လုံး ကိုင်ထားတတ်ပါတယ်။
ဒါက သင့်အစားအသောက်ထဲကို ဘက်တီးရီးယားဝင်ဖို့အတွက် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
၆။ Air Fresheners
———————-
အဲလိုပစ္စည်းတေွမှာ အဆုတ်ကို ထိခိုက်စေပြီးတော့ ကင်ဆာအထိပါ ဖြစ်စေတဲ့ ဓာတု ပစ္စည်းတေွကို တေွ့ရတတ်ပါတယ်။
ဒါကြောင့် သင့်မီးဖိုချောင်ကို လေဝင်လေထွက်ကောင်းအောင်လုပ်ပြီး အမိှုက်ကို ပုံမှန်လွှင့်ပစ်တာက ဒီလိုပစ္စည်း သုံးတာထက် ပိုကောင်းပါတယ်။
၇။ ဂတ်စ်မီးဖို
————
သင်ရဲ့အိပ်ရာမဝင်ခင် ဒါမှမဟုတ် အိမ်ထဲက မထွက်ခင်မှာ သင်ရဲ့မီးဖိုကို ပိတ်ထား ရဲ့လားဆိုတာကို စစ်ဆေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
အဲလို စစ်ဆေးကြည့်တာက ဂတ်စ် တေွစိမ့်ထွက်နေတဲ့ အန္တရာယ်ကနေ သင့်ကိုရော တစ်ခြားလူတေွကိုပါ ကာကွယ်နေ တာဖြစ်ပါတယ်။
၈။ မစေးကပ်နိုင်တဲ့ ဟင်းချက်ပစ္စည်း
————————————-
အပူအလွန်အမင်းပေးထားတဲ့ Teflonတေွက အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုး တေွကို ထုတ်လွှင့်ပေးနေပါတယ်။
ဒါကြောင့် ဒီလိုကိစ္စမျိုးမှာတော့ အရင်ချိန်တုန်းက သုံးတဲ့ ကောင်းမွန်တဲ့ပစ္စည်းတေွကိုပဲ သုံးသင့်ပါတယ်။
၉။ အသားကြိတ်စက်
———————
အသားကြိတ်စက်တေွက အရမ်းကို အားကောင်းပါတယ်။ သင့်လက်ချောင်းတေွကို အသားကြိတ်စက်နဲ့ဝေးဝေးမှာတော့ ထားပါ။
ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ကြိတ်ထားတဲ့အသားတေွက အောက်ကို တွနး်ပို့ဖို့အတွက် အထူးကိရိယာရှိပြီးတော့
ထိုကိရိယာက သင့်ရဲ့လက်မကို ထိခိုက်စေနိုင်လို့ သုံးတဲ့အခါကျရင် သတိနဲ့ သေချာသုံးသင့်ပါတယ်။
၁၀။ အမိှုက်စွန့်ပစ်ခြင်း
—————————
ဒီဟာလေးက အမိှုက်တေွအတွက်ပါပဲ။ သင်ဘယ်တော့မှ ဒီထဲကိုဘယ်တော့မှ လက်မထည့်သင့်ပါဘူး။
သင်အထဲကို တစ်ခုခု ကျသွားတယ်ဆိုရင်တော့ သင့်လက် နဲ့ ပြန်ထုတ်ဖို့ မကြိုးစားပါနဲ့။
၁၁။ စဉ်းနှီးတုံး
——————
အသားတေွနဲ ဟင်းသီးဟင်းရွက်တေွအတွက်ဆို စဉ်းနှီးတုံးကို သက်သက်စီ အမြဲတမ်း သုံးစွဲသင့်ပါတယ်။
တကယ်တော့ အသားစိမ်းတေွမှာ အပြင်းအထန် ဖျားစေတဲ့ ဘက်တီးရီးယားတေွ ပါနေတတ်ပါတယ်။
ပြီးတော့ ပျက်စီးနေတဲ့ဟာတေွ ၊ ကွဲနေတဲ့ဟာ တေွကိုလည်း မသုံးပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ကွဲရာတေွက ဘက်တီးရီးယားပေါက်ပွားဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်နေတတ်လို့ပါ။