အောက်စီဂျင်အတွက် အခက်အခဲတွေများစွာရင်ဆိုင်နိုင်ဖို့သိန်း (၅၀၀)လှူဒါန်းပေးလိုက်တဲ့ စမိုင်းလ်

အောက်စီဂျင်အတွက် အခက်အခဲတွေများစွာရင်ဆိုင်နိုင်ဖို့ သိန်း (၅၀၀)လှူဒါန်းပေးလိုက်တဲ့ စမိုင်းလ်

Covid -19 ရောဂါကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာ အနှံ့အပြားက ပြည်သူတွေ အလူးအလဲ နေ့ရော ညရော ကြုံတွေ့ ရင်ဆိုင်နေကြရပါ တယ် ။ အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် အသက်သေဆုံးနေကြတာကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ကြရမှာပါ

ဒါ့ကြောင့် ခုဆိုရင် တတ်နိုင်သလောက် အလှူရှင် ပြည်သူတွေ အသင်း အဖွဲ့တွေ ပူးပေါင်းပြီး အောက်ဆီဂျင် လုံလောက်အောင် ဝယ်ယူလှူဒါန်းမှုတွေ ၊ စက်ရုံတည်ဆောက်မှုတွေ ပြုလုပ်နေပါပြီ။ ဒီလို လှူဒါန်းကြသူတွေအထဲမှာ စမိုင်းလ်လည်း အပါအဝင်ပါပဲ ။

စမိုင်းလ်က အောက်ဆီဂျင်ဝယ်ယူရန် အတွက် အလှူငွေ သိန်း (၄၀၀) အပြင် စက်ရုံဆောက်လုပ် အတွက်ပါ သိန်း (၁၀၀) ထပ်မံလှူဒါန်းခဲ့တာကို ပီတိဖြစ်စွာတွေ့ရပါတယ် ။

အလှူနဲ့ ပတ်သက်ပြီး ” အခုချိန်မှာအလိုအပ်ဆုံးဖြစ်နေတဲ့အောက်စီဂျင်ဝယ်ရန် အလှူငွေ သိန်း ၄၀၀ နှင့် အောက်စီဂျင်စက်ရုံဆောက်လုပ်ရန်အတွက် အလှူငွေ သိန်း ၁၀၀ ပါဝင်ကုသိုလ်ပြုလှူဒါန်းထားပါတယ်။

ဤသို့လှူဒါန်းရသောကြောင့်ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးကင်းဝေးကြပါစေ ဆက်လက်ပြီးတတ်နိုင်သမျှကြိုးစားပြီးလှူဒါန်းသွားပါမယ်ရှင်။ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit