
မျက်နှာအသားအရေ ညစ်ညစ်ကြီးဖြစ်နေလို့စိတ်ညစ်နေရင်
မျက်နှာအသားအရေ ညစ်နေလို့စိတ်ညစ်နေလား
မျက်နှာအသားအရေ ညစ်ညစ်ကြီးဖြစ် နေလို့စိတ်ပူနေတဲ့ပျိုမေတို့အတွက် အညစ်အကြေးတွေအကုန်ပြောင်စင် ပြီး
ခဏအတွင်းဖြူဖွေးလာမယ့် DIY homemade ပေါင်းတင်နည်း လေးပြောပြပေးမယ်နော်
လိုအပ်တဲ့ပစ္စည်းတွေကတော့
ကြက်ဥ တစ်လုံး
သံပုရာသီး တစ်လုံး
Tissue လိပ်တို့ပဲဖြစ်ပါတယ်
ပထမဦးဆုံး ကြက်ဥ အကာနဲ့ အနှစ်ကိုခွဲထုတ် ပါ့မယ် အကာရည်ကိုပဲယူပြီးခွက်ထဲထည့်ပြီးမွှေပေးပါ
ပြီးရင်သံပုရာ သီးကိုညစ်ပြီး မွှေထားတဲ့ကြက်ဥအကာရည်နဲ့ရောပြီး ပြန်မွှေပေးပါ
မွှေထားတဲ့အနှစ်ရည်ကိုမျက်နှာပေါ်အနှံ သုပ်လိမ်းပေးပါပြီးရင်
မျက်နှာပေါ်ကိုTissue ဖတ်နဲ့အပြည့်ကပ်ပေးပြီး ၁၅မိနစ်ခန့် လောက်ခြောက်အောင်ထားပေးပါ
ခြောက်ရင်ညှင်သာစွာဖြေးဖြေးလေးခွာပေးပါ
ဒါဆိုရင်တော့ အညစ်ကြေးကင်းစင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီနော်
ကြက်ဥ တစ်လုံး
သံပုရာသီး တစ်လုံး