
ဆားဝက်ခြံ အတွက် သဘာဝနည်းလမ်းကောင်း ၂ ခု
(၁) ခရမ်းချဉ်သီး နဲ့ ကုနည်း သေးငယ်သော ခရမ်းချဉ်သီး တစ်လုံးယူပါ။ ပြီးရင် အခွံလွှာပါ။
အခွံလွှာပြီးသော ခရမ်းချဉ်သီးကို ခပ်ပါးပါးလေးလှီးပြီး ညအိပ်ယာမဝင်ခင် ဆားဝက် ခြံ ရှိတဲ့ နေရာကို အုပ်ထားပေးပါ။
မနက်အိပ်ယာ နိုးတဲ့ အခါမှာ ရေစင်အောင် ဆေးကြောပေးပါ။
(၂) သံပုရာသီး နဲ့ ကုနည်း သုံပုရာသီ တစ်လုံးကို အရည်အနည်းငယ် ညစ်ပြီး ခွက်ထဲသို့ ထည့်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ခွက်ထဲမှာ ရောမွှေလိုက်ပါ။
မသုပ်လိမ်းခင်မှ မျက်နှာကို ခပ်နွေးနွေးရေနှင့် စင်ကြယ်အောင်အရင် ဆေးပါ။ ပြီးနောက် မျက်နှာကို သုပ်လိမ်းလိုက်ပါ။
မိနစ် ၂၀ အကြာတွင် ခပ်နွေးနွေးရေနှင့် ဆေးကြောလိုက်ပါ။ သုံပုရာသီးဟာ မျက်နှာပေါ်တွင် အရေပြားတွေကို ထိခိုက်စေလို့ အလွန်အကျွံထည့်ခြင်း၊ အချိန်ကြာစွာ ထားခြင်း မပြုလုပ်ပါနဲ့။
ဆားနှင့် မဟုတ်ဘဲ ပျားရည်၊ ကြက်ဥတို့နဲ့လည်း ရောစပ်ကာ အသုံး ပြုနိုင်ပါတယ်။ အသုံးပြုရမည့် ပမာဏကို မိမိ ဆားဝက်ခြံပေါ် မူတည်ပြီး သုံးနိုင်ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners