လမ်းဘေးမှာပန်းရောင်းရင်း ကိုယ်ပိုင်ကားနဲ့မြေကွက်တွေများစွာဝယ်ယူနိုင်တဲ့အတွေ့အကြုံကိုမျှဝေလာတဲ့ ကိုကောင်းမြတ်

ဘဝဆိုတဲ့ပင်လယ်ထဲမှာလူသားအားလုံးကတော့ အမည်မတူတဲ့ ဒုက္ခဖောင်တွေကိုစီးရင်း ရုန်းကန်နေကြရသူတွေဖြစ်ပါတယ်။

ဒီအထဲမှာအချို့ကတော့လှော်ရင်းနဲ့တက်ကျိုးခဲ့ကြသလို၊တချို့ကလည်းတက်ကျိုးပေမယ့်လက်ထိုးလှော်သူတွေရှိနေပါတယ်နော်။

တက်ကျိုးတာကိုပဲစာဖွဲ့နေရင်ဘယ်လိုကမ်းကို ဆိုက်တော့မလဲ။ဒီအထဲမှာမှ ကိုကောင်းမြတ်ကတော့ထူးထူးခြားခြား တစ်ယောက်ပါပဲ။

မွေးထားတဲ့မိခင်တွေကဘုန်းကြီးကျောင်းမှာစွန့်ပစ်ခဲ့သလို၊ ကိုယ်တိုင်ကလည်းရူးမိုက်တတ်တဲ့ငယ်ရွယ်ချိန်မှာဘုန်းကြီးကျောင်းကထွက်ပြေးပြီးဘဝကိုဘကုန်းကစလို့ ကြွယ်ဝလာတဲ့

အထိ ရုန်းကန်ခဲ့ရတယ်။

သူ့ဘဝဟာဖတ်ဖူးနေကြတဲ့ ဝတ္ထုဇာတ်ကောင်ဆန်ပေမယ့်၊ ရုန်းကန်ရသူတွေအတွက်တော့ ဖြတ်သန်းခဲ့တဲ့နေ့ရက်တိုင်းဟာရသမမြောက်ခဲ့ပါဘူး။ ကျရှုံးခဲ့တယ်၊ ကြိုးစားခဲ့တယ်၊ အောင်မြင်ခဲ့တယ်၊ ကိုကောင်းမြတ်ကတော့ အကောင်းဆုံး ကြိုးစားသူတစ်ယောက်ပါပဲ။

သူ့စိတ်ဓာတ်ကို သူမောင်းတင်ရင်းဘဝကိုအရှုံးမပေးပဲ ဖြတ်သန်းခဲ့သူပါ။ သူ့ရဲ့လက်ကိုင်စကားကတော့(ဘယ်လောက်ရှာနိုင်ရှာနိုင်၊အသုံးစားရိတ်ကို ပုံမှန်သာသုံးပြီး၊ ပိုငွေအားလုံးကိုစုဆောင်းလိုက်ပါ) တဲ့။

တကယ်ကောင်းတဲ့စကားလေးပါနော်။သူ့ဘဝအစနဲ့လက်ရှိအခြေအနေကိုတော့

သူကိုယ်တိုင်ပြောပြတာကို နားထောင်စေချင်ပါတယ်။ ပြီးရင်တော့ ကိုယ့်ဘဝနဲ့ချိန်ထိုးကြည့်ရင် ငါဘာလို့မအောင်မြင်တာလဲဆိုတဲ့အချက်တွေကို ပြန်လည်ရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။

(၇) ရက်သားသမီးအားလုံးကျန်းမာအောင်မြင်ကြပါစေ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owner