ရွှေပေါ်ကျွန်းဆရာတော်ကြီး အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက ၏ ကပ်ဘေးကြီးတွေဖြစ်လာရင် ​ပြုလုပ်ရမည့် နည်းလမ်း

ရွှေပေါ်ကျွန်းဆရာတော်ကြီး အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက ၏ ကပ်ဘေးကြီးတွေဖြစ်လာရင် ​ပြုလုပ်ရမည့် နည်းလမ်း

တစ်နေ့က ရွှေပေါ်ကျွန်းဆရာတော်ကြီး အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက ရှိတော်မူစဉ်က ကပ်ဘေးကြီးတွေဖြစ်လာရင် ​ပြုလုပ်ရမည့် နည်းလမ်းတစ်ခုကို….

ဆရာတော်ဘုရားကြီးရှိစဉ် အနီးကပ်ပြုစုလုပ်ကိုင်၍ ပညာသင်​လေ့လာပြီး ဆရာတော်ကြီး ခန္ဓာဝန်ချသည်အထိ နေထိုင်ကာ ယခုအချိန်ထိ ဆရာတော်ကြီး လမ်းညွှန်ချမှတ်

လမ်းပြ စေခိုင်းလျက်ရှိသော ကျင့်စဉ်များကို ဆက်လက်အားထုတ်နေသော အဘတစ်ဦးက ဖုန်းဆက်ကာ လုပ်ကိုင်ရမယ့် အစီအစဉ်​တွေကို ပြောပြပါတယ်။

ကိုယ့်အနားက ယုံကြည်ပြီး လုပ်မယ့်သူတွေကို လက်ဆင့်ကမ်းပြောပြပါလို့ ခွင့်ပေးတော်မူလို့ ဓမ္မမိတ်ဆွေ အပေါင်းတို့ကို လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါတယ်။

မိမိအိမ်ရှိ လင်ပန်းတစ်ခုထဲတွင် အလင်းတိုင်ကို အိမ်ရှိ လူအရေအတွက်အတိုင်း အသက်ကြီးတဲ့သူကနေစပြီး ထွန်းပါ။

ပြီးရင် ရေထည့်ပါ။

ညစဉ် ၇ နာရီတိုင်း ထွန်း၍ ပူဇော်ပါ။

၃ ရက်၊ ၅ ရက် အစရှိသဖြင့် မိမိ အာရုံရှိသလို ထွန်းလို့ရတယ်။

သရဏဂုံ၊ ငါးပါးသီလ ရွတ်ဆိုပူဇော်ပြီး”ဘယာကဒွတ်မှာ ချန်လွှတ်တော်မူပါ ဘုရား” ဟု ရွတ်ဆိုပူဇော်နိုင်သလောက် ရွတ်ဆိုပူ​ဇော်ပြီး ဆုတောင်းပါ။

ပြီးရင် မိမိပူဇော်နေကြ ပရိတ်၊ ပဋ္ဌာန်း၊ တရားတော်များ ဆက်လက်ရွတ်ဖတ် ပူဇော်နိုင်ပါတယ်။

အလင်းတိုင်စိုက်ထူပုံ

အလင်းတိုင်ကို အစက်ချပြီး အရင်စိုက်ထူပါ။ ပြီးရင် ရေထည့်ပါ။ ပြီးလျှင် အိမ်ကအသက်အကြီးဆုံးအတွက်ကနေစပြီး ထွန်းညှိပေးပါ။

ဓမ္မမိတ်ဆွေမိသားစုဝင်အပေါင်း ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေးကြပါစေ……

ယုံလျှင် ကြည်ပါ၏။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners