မျက်နှာပေါ်က အလွန်ဆိုးဝါးတဲ့ဝက်ခြံကိုအပေါစား skincare နဲ့ ရှင်းလင်းစေခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦး

ဝက်ခြံတွေကို များသောအားဖြင့် ဆယ်ကျော်သက်တွေက ကြုံတွေနေရတဲ့ ပြဿနာတစ်ခုဘဲဖြစ်ပါတယ်။တခါတလေ ဝက်ခြံတွေက အခြေအနေကောင်းလာမဲ့အစား ပိုပိုပြီးဆိုးရွားလာတဲ့ အခြေအနေရှိလာနိုင်ပါတယ်။

အခုတခါမှာ Carlos David အမည်ရှိ ဆယ်ကျော်သက် ကောင်လေးတစ်ဦးဟာ နှစ်ပေါင်းများစွာ သူ့ရဲ့မျက်နှာပေါ်မှာ ဝက်ခြံတွေကို ကြုံတွေ့နေရပါတယ်။


အခုဆိုရင် Carlos က ၎င်းဝက်ခြံတွေကို ရှင်းလင်းနိုင်ခဲ့ပါပြီ။သူဘယ်လိုမျိုးနဲ့ ရှင်းလင်းနိုင်သလဲဆိုတာကို ဖွင့်ချလာခဲ့ပါတယ်။သူကြုံတွေ့နေရတဲ့ပြဿနာကို ဆေးဆိုင်မှာ တွေ့ရှိတဲ့ အပေါစား ထုတ်ကုန်တွေနဲ့ ပေါင်းစပ်ခြင်းဖြင့် ရှင်းလင်းနိုင်ခဲ့ပါတယ်။

၁၆နှစ်အရွယ် Carlos က သူတွေ့သမျှ ထုတ်ကုန်တွေကို ပေါင်းစပ်ခြင်းဖြင့် Skincare routine ကို ကိုယ်တိုင်ထုတ်လုပ်ပြီး အသုံးပြုခဲ့ပါတယ်။Carlos က သူ့မျက်နှာရဲ့ ပြောင်းလဲလာပုံကို ဓာတ်ပုံတွေနဲ့အတူ တင်ခဲ့ပါတယ်။

JRose (KB Chimmy)

Reference : elitereaders