ထိုင်ပုံထိုင်နည်းကနေ သိနိုင်တဲ့ လူတွေရဲ့ အကျင့်စရိုက်

ထိုင်ပုံထိုင်နည်းကနေ သိနိုင်တဲ့ လူတွေရဲ့ အကျင့်စရိုက်

လူတွေဟာ သူတို့အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး ပုံစံနဲ့ပဲ ထိုင်ကြ ပါတယ်။ အဲဒီလို ထိုင်ပုံထိုင်နည်းကနေ လူတွေရဲ့ အကျင့်စရိုက်ဆိုးကို သိနိုင်ပါတယ်။


၁။ ခါးမတ်မတ် ထိုင်သူ

သင့်ရဲ့အပြုအမှု၊ ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ ပြန်မပြင်တတ်သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး စိတ်ဓာတ်ပြင်းထန် သူလဲ ဖြစ်ပါတယ်။ သင်ဟာ လူတွေရဲ့ယုံကြည်မှုကို ရချင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာဆွေမျိူးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်စိတ် ချရသူလည်း ဖြစ်ပါတယ်။ သင့်ဘေးနားက လူတွေ ခက်ခဲနေချိန်မှာ အမြဲ ကူညီတတ်ပါတယ်။

၂။ နောက်ကို မှီထိုငျသူ

သင်ဟာ စိတ်ထိခိုက် လွယ်သူဖြစ်ပြီး ကိုယ်ချင်း စာတတ်သူဖြစ်ပါတယ်။ ဆုံးဖြတ်ချက်နဲ့ အပြုအမှုတွေကို ဂရုပြုတတ်ပြီး ခွဲခြမ်းစိတ်ဖြာ စဉ်းစားပါတယ်။ အလုပ်တစ်ခု မလုပ်ခင်မှာ ရေရှည်ကို ကြည့်ပြီး စဉ်းစားပါတယ်။ ကောင်းကျိုး ဆိုးကျိုးတွေကို ယှဉ်ပြီး စဉ်းစားတတ် ပါတယ်။

၃။ ရှေ့ဘက်သို့ ယိမ်းပြီး ထိုင်သူ

ဒီလိုပုံစံနဲ့ ထိုင်တတ်သူက ကိစ္စရပ် တော်တော် များများကို စိတ်ဝင်စားပြီး ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင် ပါတယ်။ အရာရာကို စူးစမ်းတတ်ပြီး တခြားသူတွေကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ပါတယ်။

လိုက်လျောညီထွေလဲ နေတတ်ပါတယ်။ တခြားသူတွေကို သင့်ဘက် ပါလာအောင်လည်း ပြောဆိုတတ် ပါတယ်။

၄။ ခြေထောက်စုပွီးထိုငျသူ

သင့်ကိုတွေ့တွေ့ချင်းမှာတော့ အေးတိ အေးစက်နိုင်သူလို့ ထင်ရမှာပါ။ ဒါပေမယ့် ကြာလာတဲ့ အခါမှာတော့ သင့်ရဲ့ကြင်နာတတ်မှု၊ ဖော်ရွေမှု၊ ရိုးသားမှုကို လူတွေမြင်တွေ့လာ ပါတယ်။

အလုပ်လုပ်ရာမှာလည်း ဖြောင့်မတ် ပါတယ်။ အရာရာကို အချိန် တိတိကျကျ လုပ်တတ်ပြီး အသေးစိတ် ဂရုစိုက်တတ်သူပါ။

၅။ ခြေထောက်ကို ယှက်ထိုင်သူ

သင်ဟာ ရည်မှန်းချက်ကြီးပြီး ခေါင်းဆောင်မှု စွမ်းရည် မြင့်မားသူဖြစ်ပါတယ်။ တစ်ခြားသူတွေကို ထိန်းချူပ် လိုသူလည်း ဖြစ်ပါတယ်။

သူငယ်ချင်းတွေ ကိုတော့ ပွင့်ပွင့် လင်းလင်း ပေါင်းသင်းတတ်ပေမယ့် ချစ်သူကိုတော့ အလွန် သဝန်တိုပါတယ်။

၆။ ခြေထောက်ချိတ်၍ထိုင်သူ

သင်ဟာ ရိုးရိုးကုပ်ကုပ် နေတတ်ပြီး သူစိမ်းတွေရှေ့မှာ ဆိုရင် ရှက်ကြောက် ပါတယ်။ သင့်ကို ယုံကြည်မှု အပြည့် ရှိသူလို့ ပြောဖို့ခက်ပါတယ်။ သင်ဟာ စိတ်ခံစားမှုတွေကို ဖုံးကွယ်ပြီး နေတတ် ပါတယ်။

၇။ လက်ပိုက်ပြီး ထိုင်သူ

သင်ဟာ စိတ်ဓာတ် ပြင်းထန်သူပါ။ နက်နက်နဲနဲ တွေးခေါ်တတ် ပါတယ်။ အတွေးတွေ နက်နဲလွန်းလို့ မျက်နှာမှာ တွေ့မြင်နိုင် ပါတယ်။ တခြားသူတွေနဲ့ စကားပြောရတာ ကိုလည်း သိပ်ပြီး မနှစ်သက်ပါဘူး။

၈။ ခြေထောက်ကြားထဲကို လက်ထည့်ထားပြီး ထိုင်သူ

သင်ဟာ နူးညံ့သိမ်မွေ့သူ၊ စိတ်ထိခိုက်လွယ်သူ၊ သဘောကောင်းသူဖြစ်ပါတယ်။ တခြားသူတွေရဲ့ ပြဿနာတွေ ကိုလည်း လျစ်လျူ မရှူပါဘူး။

ချက်ချင်း ကူညီပေးတတ်ပါတယ်။ သင်ဟာ ရှက်ကြောက်သူဖြစ်ပြီး စကားလုံးတွေ၊ ဆုံးဖြတ်ချက်တွေကို မကြာခဏ သံသယ ဝင်ပါတယ်။

၉။ ဒူးပေါ်လက်တင်ပြီး ထိုင်သူ

သင်ဟာခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိ ပြုမှုပြောဆို တတ်ပါတယ်။

အာရုံစိုက်ပြီး အလုပ် လုပ်တတ်သူ ဖြစ်ပါတယ်။ မိမိ ဆုံးဖြတ်ချက် သာမက တခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေ ကိုပါ တုံ့ပြန်ဖို့ ဝန်မလေးသူပါ။ ပြဿနာတွေကို မကြောက်ရွံ့ဘဲ လျင်လျင် မြန်မြန်ဖြေရှင်းပါတယ်။

၁၀။ လက်ကို ယှက်ပြီး ထိုင်သူ

သင်ဟာ အလွန်ကို စိတ်လှုပ်ရှား လွယ်သူ၊ စိတ်မြန်သူ၊ ပွင့်လင်းသူ၊ ဖော်ရွေသူ ဖြစ်ပါတယ်။ အမြဲအကောင်းမြင် တတ်အောင်လည်း နေထိုင်တတ် ပါတယ်။

သင့်နဲ့ အလုပ်အတူတူ လုပ်ပြီ ဆိုရင် လုပ်ဖော်ကိုင်ဖက် တွေက စိတ်ကူးကောင်း၊ အကြံဉာဏ်ကောင်းတွေ သင့်ဆီက နေရပါတယ်။ သင်ကဘယ်တော့မှ တစ်ယောက်တည်း မနေဘဲ အများနဲ့ ညီညွတ်အောင် ပေါင်းသင်းဆက်ဆံတတ် ပါတယ်။

Zombie (Lovemedia)
Ref – Brightside