
နှလုံးလမ်းကြောင်းက ပြောတဲ့ အချစ်ရေး…

လက်ဖဝါးကိုကြည့် လိုက်ရင် လက္ခဏာလေးတွေ ရှုပ်ထွေးနေ တာတွေ့ရပြီး လက္ခဏာ ဆရာတွေ ကတော့

အချစ်ရေး ဘဝနဲ့ အလုပ် အကိုင် စတာတွေကို ဟောပြော နိုင်ပါတယ်။ ဗေဒင်ရယ်လို့ မဟုတ်ပေမယ့် စာဖတ်သူတို့ အတွက်

အပျော်သဘော အနေနဲ့ နှလုံးလမ်းကြောင်း ကပြောတဲ့ အိမ်ထောင်ရေး အကြောင်းကို မျှဝေလိုက်ပါတယ်နော် …။

နှလုံးလမ်းကြောင်း

နှလုံးလမ်းကြောင်းက လက်ဖဝါးရဲ့ အလည် လက်သည်းရဲ့အောက် နားထိရောက် တဲ့ မျဉ်းကြောင်းလေးဖြစ်ပါတယ်။

လက်ဝါးနှစ် ဖက်ကို အတူတူစပ် လိုက်လို့ နှလုံး လမ်းကြောင်းက လခြမ်း လိုပုံစံမျိုးဖြစ် သွားလား ဒါမှမဟုတ် တပြေးညီဖြစ် သွားလားဆိုတာကို အရင်ကြည့် လိုက်ပါနော် …။

လခြမ်း”

နှလုံးလမ်းကြောင်းကပြောတဲ့ အချစ်ရေး…

သင်ဟာ ကိုယ်ရည် ကိုယ်သွေးရှိပြီး စိတ်ဓါတ် ခိုင်မာသူ တစ်ဦးဖြစ်ပါတယ်။ သင်ဟာ ဆတ်ဆတ် ထိမခံသူ ဟန်ဆောင်တာ



မကြိုက်တဲ့ သူတွေနဲ့ ဖူးစာစုံတတ် ပါတယ် ။ အချစ်ရေးမှာ အခက်ခဲတွေကြုံတွေ့ရ နိုင်ပါတယ်။ ဒါပေမယ့်လည်း

ဒီအရာတွေ အားလုံးကို ကျော်လွှားနိုင်ပြီး အချစ်ရေး အိမ်ထောင်ရေး မှာ အံ့သြစရာတွေ အပြည့်ဖြစ်နေ မှာပါ …။

တပြေးညီဖြစ်နေခြင်း”



နှလုံးလမ်းကြောင်းကပြောတဲ့ အချစ်ရေး…

သင်ဟာ အနေအေးတဲ့ သူဖြစပါတယ။ အလွယ်တကူ ဒေ သထွက်လွယ် တဲ့သူမျိုး မဟုတ် ပါဘူး။

အငြင်းပွားမှုတွေ သိပ်မ ရှိဘဲ အေးဆေး တည်ငြိမ်တဲ့သူတွေကို ချစ်မြတ်နိုး ပါတယ် …

မျဉ်းနှစ်ခု ညီမနေခြင်း”

နှလုံးလမ်းကြောင်းကပြောတဲ့ အချစ်ရေး…

လက်ဖဝါးနှစ်ဖက်ကို ဆက်လ်ိုက် တဲ့အခါ မျဉ်းကြောင်းနှစ်ဖက်က ဆက်မနေဘူး ညီမနေဘူးဆိုရင်တော့

သင့်ရဲ့လက်တွဲဖော်ဟာသင့်ထက်ပိုပြီးအသက်ကြီးတဲ့သူ ပိုပြီးရင့်ကျက်တဲ့ သူဖြစ်ပါတယ်။သင့်အိမ်ထောင်ဖက်ဟာ

သူတို့ကိုယ် သူတို့အရမ်းကိုသိနားလည်တဲ့သူဖြစ်ပါတယ်။ဒါဟာလည်း သိပ်မဆန်းကျယ်ပါဘူးသင်ဟာ

တခြားသူသင့်ကိုဘာပြောမလဲသင့်ကိုဘယ်လိုထင်မလဲဆိုတဲ့အပေါ်သပ်ဂရုစိုက်လေ့ရှိ သူမဟုတ်လို့ပါပဲနော် …။ ။

Credit : Mystylemyanmar