
နှစ်ပါင်း(၅၀)ကျော်ကွဲကွာသွားတဲ့ ချစ်သူရှိတဲ့ မြန်မာနိုင်ငံကို အမြဲလာရှာခဲ့တဲ့ ဂျပန်အဘိုးအို

အချစ်စစ် ဆိုတာ တကယ်ရှိကြောင်း သက်သေ ပြသွားတဲ့ သူတစ်ယောက်ကြောင်းကို ပရိသတ် ကြီးအတွက် ပြန် လည် မျှ ဝေ ပေး လိုက်ပါ တယ်နော်။

ဒီအဖြစ် အ ပျက်လေးကို ဂျပန် နိုင်ငံ မှာရှိ တဲ့ မြန် မာကျောင်းသူ တစ်ယောက် က အခုလို ပြန်လည် မျှဝေ ပေးခဲ့တာဖြစ်ပါတယ်။

အဘိုးအသက် ၃၀ မှာ တခါ ၃၅ နှစ် မှာတခါ မြန် မာက သူ့ ကောင် မလေးကို လိုက် ရှာခဲ့ ပြီး ကောင်မလေးက အိမ်လည်း ပြောင်း ဖုန်းနံပါတ် ကလည်း မရှိ တော့ ဘယ်လိုမှ အဆက်သွယ်ပြန်မရတော့ပါဘူး။

ဒီလိုနဲ့ ၅ နှစ် တခါ မြန်မာကို ပြန်ဖို့ သူ ကောင်မလေးနဲ့ အတူ နေဖို့ ပိုက်ဆံတွေ ကြိုးစားရှာပြီးနောက်ဆုံး အခု အဘိုး အသက် ၇၀ ထိ သူမျှော်လင့်ချက်တွေ မပျက် သေးဘူးပါဘူးတဲ့။

အခုထိ ကိုဗစ်ပြီးတာနဲ့ မြန်မာကို လာ ရှာဦးမှာဖြစ်ပြီး အခု ချိန်မှာ သူ့ မိန်းက လေး နံမည်ပဲ မှတ်မိတော့တာဖြစ်ပြီး အဲ့နံမည်လေးတခုထဲနဲ့ တခြားနိုင်ငံကို သွားသွားရှာနေ တာ အဘွား ကတော့ ဒီအကြောင်းတွေ သိပါ့မလား တောင်မသိပါဘူး

မြန်မာကျောင်းသူလေးက အဘိုးရဲ့ချစ်သူကို ကူရှာပေးဖို့ အ တွက် ဓာတ်ပုံ တောင်းခဲ့ပေမယ့် နှစ်တွေ ကြာနေပီ ပုံလည်းမရှိ တော့ အ ဘွားကို မှတ်မိပါ့မလားမသေချာပေမယ့် သူ့ရင်ထဲ က အဘွားပုံကို တော့ ဖျောက်လို့ မရဘူးတဲ့။

ဂျပန် အ ဘိုးဟာ သူ မိန်း က လေးနဲ့နောက်ဆုံး မခွဲ ခင်မှာ သူ အသက်ရှိ နေသ၍ ပြန်လာရှာပါ့ မယ်လို့ကတိပေးခဲ့တယ်တဲ့အတွက် အဘိုးရဲ့ ကတိ ကတော့ အခုထိတည်နေတုန်းပါပဲ ။



အဘိုးရဲချစ်သူ အဘွားရဲ့နာမည်ကတော့ ခင်အေးလို့လည်း သိရပါတယ်။ တကယ် အချစ်စစ် အချစ်မှန်နဲ့ ချစ်ကြတဲ့ အဘိုးနဲ့ အဘွား အမြန်ဆုံး ပြန်လည် ဆုံစည်းကြ ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners