နေမကောင်းတဲ့ဖခင်ကို ကုသပေးဖို့ နဲ့ သူ့ရဲ့ကျောင်းစရိတ်အတွက် ငါးခြောက်တွေရောင်းပြီး ဝင်ငွေရှာနေတဲ့ ကောင်လေး

Jewel Rashia ရဲ့အဆိုအရ သူမနဲ့ သူမရဲ့အမေ အစာစားနေကြချိန်မှာ ကောင်လေးငယ်က ငါးခြောက်ခြင်းလေး နဲ့ သူတို့နားရောက်လာပြီး ပြုံးနေတဲ့မျက်နှာနဲ့ ငါးခြောက်တွေ ရောင်းနေတာကို တွေ့မြင်ရပါတယ် ။

ကောင်လေးက Jewel တို့နား လာပြီး သူရဲ့ပစ္စည်းတွေကို အားပေးဖို့ပြောဆိုကာ Jewel ရဲ့အမေက ကောင်လေးရဲ့အကြောင်းကိုမေးမြန်းပြီး ငါးခြောက်လေးတွေ အားပေးခဲ့ပါတယ် ။

ကောင်လေးရဲ့နာမည်က Lance လို့ခေါ်ပြီး သူက Sta ရှိ Gawad Kalinga ကျေးရွာမှာ နေထိုင်တာပါ ။

Lance ဟာ သူ့အမေကဆုံးသွားခဲ့ပြီး သူ့အဖေက နေမကောင်းဖြစ်လို့ Tita တစ်ယောက်က သူ့ကို ကျောင်းပို့ပေးခဲ့ပေမယ့် ငွေကမလုံလောက်ဒါကြောင့် သူက ငါးခြောက်နဲ့ ‘tinapa’ ကို သူတို့ နေ့စဉ် လိုအပ်ချက်များ ဖြည့်ဆည်းဖို့အပြင် ကျောင်းမှာ လိုအပ်တဲ့ အရာများအတွက် ငွေရှာဖွေရာရန် ရောင်းချခဲ့တာပါ ။

ကောင်လေးက သူ့အကြောင်းကို ပြောပြရင်းမျက်ရည်များကျခဲ့ပြီး ငွေရှာဖို့အတွက် သူ့ပစ္စည်းတွေကို ကုန်အောင်ရောင်းဖို့ ဆုံးဖြတ်ထားတုန်းပါပဲ ။

သူရဲ့ပစ္စည်းတွေ ရောင်းကုန်မှသာ အိမ်ပြန်နိုင်မာဖြစ်ပါတယ် ။ Jewel က သူရဲ့အကြောင်းကိုကြားရတော့ ကြေကွဲပြီး သူ့ဓါတ်ပုံကို မျှဝေခဲ့ကာ လမ်းပေါ်မှာ ကောင်လေးကို တွေ့ခဲ့ပါက netizen တွေ သူ့ထံမှ ဝယ်ယူအားပေးရန် တောင်းဆိုခဲ့ပါတယ် ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners