
မိန်းမတွေမှာ အလကားနေရင်း ငိုချင်နေတဲ့ အချိန်ရှိတယ်
ဘာလို့မှန်းမသိဘူး တစ်ခါတစ်လေ ထိုင်ငိုနေတာ ဘယ်သူက ဘာလုပ်လို့လည်းဆိုတော့လည်း ဘာမှမလုပ်ဘူး ဒီတိုင်းငို ငိုချင်လို့ငိုတာ…
လောကကြီးမှာ သူတို့တစ်ယောက်တည်း အရမ်းအထီးကျန်သလို အရမ်းဝမ်းနည်းပြီး အခန်းထဲမှာ ထိုင်ပြီးကို ငိုနေတာ…
တစ်ကယ်အထီးကျန်လို့လားဆိုတော့လည်း မဟုတ်ဘူး အိမ်မှာလည်း လူတွေနဲ့ ရည်းစားလည်း ငုတ်တုတ်…
တစ်ခါတစ်ခါ ငိုရင် မျက်ရည်ပေါက်ကြီးငယ်နဲ့ ရှိုက်ကြီး တငင်ကို ငိုတာ… တစ်ခါတစ်လေ ငိုနေရင်း မှန်ထကြည့်ပြီး
မှန်ထဲက ငိုတာကိုကြည့်ရင်း ငိုတာမျိုးက ရှိသေးတယ်…
အားရပါးရငိုပြီးပြီဆိုရင် သူတို့မဟုတ်တဲ့အတိုင်းပဲ ပေါ့ပါးပြီး စပ်ဖြဲဖြဲ ပြန်ဖြစ်သွားပြန်ရော… ရူးနေတာလားဆိုတော့လည်း မဟုတ်ဘူး
အဲ့လို ငိုချင်လို့ကို ငိုရတာကို သူတို့ ဖီးလ်…
ငိုလို့ဝသွားရင် ဘာလို့ ငိုတာလည်း ဘယ်သူဘာလုပ်လို့လည်း တစ်ခုခုဖြစ်လို့လား ဘယ်နားနာလို့လည်း သွားမမေးနဲ့…
မသိဘူး ငိုချင်လာလို့ကို ငိုတာလို့ပဲ ပြန်ဖြေလိမ့်မယ်…
ဘာလို့ငိုလည်း ကိုယ်တွေလည်းမသိဘူး သူတို့လည်းမသိဘူး ဘယ်သူမှမသိဘူး…
Credit.~OMG~
ပြန်လည်ဝေမျှပါသည်