
လက်ထပ်ပွဲ ကျင်းပနေတုန်း ရည်းစားဟောင်းကပါ ရောက်ရှိလာပြီး သူမကိုပါ လက်ထပ်ဖို့တောင်းဆိုခဲ့တာကြောင့် နှစ်ယောက်စလုံးယူလိုက်ရသည့်အဖြစ်
အင်ဒိုနီးရှားနိုင်ငံက မိန်းကလေးကတော့ လုံးဝမထင်မှတ်ထားတဲ့ သူမရဲ့မင်္ဂလာပွဲအဖြစ်အပျက်ကို social media ပေါ် ဝေမျှသွားခဲ့ပါတယ် ။
အသက် 20 အရွယ် Nur Khusnul Kotimah အမည်ရှိတဲ့မိန်းကလေးဟာ သူမရဲ့ချစ်သူ အသက် 20 အရွယ် Korik Akbar နဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့ပြီး မင်္ဂလာပွဲကိစ္စကို social media ပေါ် ဝေမျှခဲ့ပါတယ်။သူငယ်ချင်းတွေကလည်း ချီးကျူးဂုဏ်ပြုခဲ့ကြရင်း အဆိုပါ post ကို သတို့သားလောင်းရဲ့ ရည်းစားဟောင်းက တွေ့ရှိသွားခဲ့ပါတယ် ။
ဒါကြောင့် ရည်းစားဟောင်းဖြစ်သူ အသက် 21 နှစ်အရွယ် Yuanita Ruri အမည်ရှိတဲ့ မိန်းကလေးဟာ မင်္ဂလာပွဲနေ့မှာ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပြီး သူမကိုပါလက်ထပ်ဖို့ တောင်းဆိုလာခဲ့ပါတယ်။
ဒါကြောင့် Nur က သတို့သားလောင်းရဲ့ နေအိမ်ကိုရောက်ရှိလာခဲ့ချိန်မှာတော့ ရည်းစားဟောင်းက ပေါ်ထွက်လာလို့ အတော်လေးအံ့အားသင့်ခဲ့ရပါတယ်။
နောက်ဆုံး မိသားစုဝင်တွေက ဆွေးနွေးပြောဆိုကြရင်း မိန်းကလေးနှစ်ယောက်လုံးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပေးခဲ့ကြပါတယ်။ သို့ပေမဲ့လည်း သတို့သားဖြစ်သူမှာတော့ အတော်လေးစိတ်ဒုက္ခရောက်သွားခဲ့ရပါတယ် ။
အကြောင်းကတော့ ကိုယ်တိုင်က အလုပ်လက်မဲ့ဖြစ်နေပြီး မိန်းမနှစ်ယောက်လုံးကိုရှာကျွေးရမှာမို့လို့ပါပဲ။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners