ကြွက်အကောင်ရေများစွာဖမ်းပြခဲ့ပီး၊သခင်ဖြစ်သူကိုအံ့သြစေခဲ့တဲ့ကြောင်လေး

ကြွက်အကောင်ရေများစွာဖမ်းပြခဲ့ပီး၊သခင်ဖြစ်သူကိုအံ့သြစေခဲ့တဲ့ကြောင်လေး

ယခုတခေါက်မှာတော့အမျိုးသားတစ်ယောက်ဟာ၊၎င်းရဲ့အိမ်မွေးကြောင်ကအိမ်မှာတခါမှာကြွက်ဖမ်းဖူးတဲ့ကြောင်မဟုတ်ခဲ့ပါဘူးလို့ဆိုပါတယ်။

ဒါပေမဲ့တနေ့မှာမှာတော့၊၎င်းအမျိုးသားရဲ့မိခင်က၊ရွာကအိမ်မှာကြွက်ပေါလို့ဆိုပီး၊၎င်းအမျိုးသားရဲ့ကြောင်ကိုငှားဖို့ပြောခဲ့ပါတယ်။

အစပိုင်းမှာတော့၎င်းအမျိုးသားဟာကြွက်ဖမ်းဖို့အတွက်၊၎င်းကြောင်လေးညစ်ပတ်သွားမှာကိုစိုးရိမ်လို့မပေးငှားခဲ့ပါဘူး။ဒါပေမဲ့မိခင်ကအတင်းပူဆာတောင်းငှားတဲ့အတွက်၊နောက်ဆုံးမှာတော့ကြောင်လေးကိုမိခင်နဲ့အတူရွာပြန်လွှတ်ခဲ့ပါတယ်။

ထိုသို့ရွာရောက်ပီးရက်အနည်းငယ်အကြာမှာတော့၊မိခင်ဖြစ်သူပို့လာတဲ့ဓာတ်ပုံတပုံကြောင့်၊၎င်းအမျိုးသားဟာအံ့သြခဲ့ရပါတော့တယ်။

ထိုဓာတ်ပုံထဲက၎င်းရဲ့ကြွက်တခါမှမဖမ်းဖူးတဲ့ကြောင်ဟာ၊ကြီးမားတဲ့လယ်ကြွက်အများအပြားကိုဖမ်းနိုင်ခဲ့တာကိုတွေ့ခဲ့ရတာပါ။ထို့အဖြစ်ပျက်လေးကို ကြည့်ပီး၎င်းအမျိုးသားကတော့၊သူ့ရဲ့ကြောင်လေးရဲ့ကြွက်ဖမ်းနိုင်တဲ့စွမ်းရည်ကိုဂုဏ်ယူနေခဲ့ပါတယ်။



Bam Bam (Gabar News)