
အမာရွတ် မှန်သမျှကို တစ်ပတ်အတွင်း သိသိသာ သာ ပျောက်ကင်းစေနိုင်သည့် သဘာဝနည်းလမ်း
အရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုအမာရွတ်မျိုးကိုမဆို တစ်ပတ်အတွင်း
သိသိသာသာ သက်သာပျောက်ကင်းစေနိုင် တဲ့ သဘာဝနည်းလမ်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။
ဝက်ခြံအမာရွတ်၊ အမဲစက်များ၊ ထိခိုက်ရှနာများကြောင့် ကျန်ခဲ့ တဲ့
အမာရွတ်များနဲ့ အသားအရောင် မညီညာမှုများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ပါဝင်တဲ့ပစ္စည်းအားလုံးဟာ သဘာဝပစ္စည်းတွေသာ ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး မရှိဘဲ
ဈေးနှုန်းသက်သာစွာ မိမိအိမ်မှာတင် ပြုလုပ်နိုင်တဲ့နည်းလေး ဖြစ်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
လတ်လတ်ဆတ်ဆတ် အမှုန့်ကြိတ်ထားတဲ့ ဇာတိပ္ဖိုလ်သီးအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ပြုလုပ်ပုံ
၁။ ခပ်ရွယ်ရွယ် ပန်းကန်လုံးတစ်လုံးထဲမှာ ပါဝင်တဲ့ပစ္စည်းအားလုံးကို ရောထည့်ပြီး အနှစ်ဖြစ်လာတဲ့အထိ သမအောင် မွှေပေးပါ။
၂။ အနှစ်ရဲ့ အပျစ်အကျဲ အခြေအနေကို ကြည့်ပြီး ပျစ်လွန်းနေရင် သံပုရာရည်နည်းနည်း ထပ်ထည့်ပေးပြီး
အနည်းငယ် ကျဲနေသေးတယ်ဆိုရင်တော့ အမှုန့်လေးတွေကို နည်းနည်းစီ ထပ်ထည့်ပေးရပါမယ်။
၃။ အမာရွတ်ပေါ်ကို သုတ်လိမ်းပေးပြီး မိနစ်(၂၀)ခန့် ထားပါ။
၄။ မျက်နှာပေါ်မှာ လိမ်းထားတယ်ဆိုရင် သက်သောင့်သက်သာ လှဲလျောင်းပြီး ဆေးအာနိသင် စိမ့်ဝင်အောင် စောင့်ပါ။
၅။ အချိန်ပြည့်သွားရင် ရေနဲ့ဆေးချပြီး တဘက်နဲ့ သုတ်ပေးပါ။
၆။ အစိုဓာတ်ထိန်းခရင်မ် (moisturizer) အပျော့စားတစ်ခုကို လိမ်းပေးပါ။
အသုံးပြုပုံ
၁။ အရင်ဦးဆုံး မျက်နှာသစ်ဆပ်ပြာ အပျော့စားတစ်ခုနဲ့ မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။ ပြီးနောက် တဘက်နဲ့ သုတ်ပေးပါ။
၂။ အမာရွတ်ပေါ်ကို အသင့်ပြုလုပ်ထားတဲ့ အနှစ်လိမ်းကျံပေးပါ။ သိပ်အထူကြီး မလိမ်းပါနဲ့။
၃။ မိနစ် (၂၀)ခန့်ထားပြီးနောက် ရေဆေးချပါ။
၄။ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်ပေးပါ။
တဖြည်းဖြည်း အမာရွတ်က မှေးမှိန်ပျောက်ကွယ်လာတဲ့အထိ လုပ်ပေးပါ။
တစ်ပတ်ပြည့်ချိန်မှာတင် သိသာတဲ့ ရလာဒ်ကို တွေ့ရပါလိမ့်မယ်။
ကိုယ်ပေါ်က အမာရွတ်အမျိုးအစား အားလုံးအတွက် အသုံးပြုနိုင်တဲ့
အစွမ်းထက်နည်းလေးဖြစ်လို့ ပျိုမေတို့ နှစ်သက်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners