ပေ၁၆၀ အမြင့်က ကရိန်းပေါ် တစ်တော့ တက်ဆော့တာ ပြုတ်ကျပြီးသေဆုံး

တရုတ်နိုင်ငံက နာမည်ကြီး တစ်တော့ဆော့တဲ့ အမျိုးသမီးတစ်ယောက် က ဆောက်လက်စ ပေ၁၆၀ မြင့်တဲ့ အဆောက်အအုံ တစ်ခုရဲ့ ကရိန်ပေါ်ကို တက်ပြီး တစ်တော့ ဆော့ရာက ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

သူမက တစ်တော့လိုမျိုး ကိုယ့်စိတ်ကြိုက် လုပ်ပြပြီး မိတ်ဆွေတွေဆီကို ဗီဒီယိုဖိုင် ပို့လို့ရတဲ့ ဒူယင် အပလီကေးရှင်း အတွက် ဖုန်းနဲ့ ဗီဒီယိုရိုက်ပြ နေစဉ်မှာ ပြုတ်ကျခဲ့တာပါ။

အွန်လိုင်းပေါ်မှာ ရှောင်ကျူးမေ ( ၂၃ နှစ်) လို့ အမည်ရတဲ့ အဲ့ဒိနာမည်ကြီး အမျိုးသမီးငယ်က တာဝါပေါ်က ကရိန်ပေါ်ကိုတက်ပြီး ဖုန်းဗီဒီယို ရိုက်ခဲ့တာပါ။ သူမမှာ ကလေး၂ယောက် ကျန်ရစ်ခဲ့ပါတယ်။

တရုတ်ပြည် ဇီးကျန်ပြည်နယ် အနောက်မြောက်ပိုင်း ကျူဇူး မြို့ မှာ ဇူလိုင်လ လယ်က ဖြစ်ခဲ့တာပါ။ သူမ အဲ့လို ဖုန်းဗီဒီယိုရိုက်နေစဉ်မှာ သူမရဲ့ သူငယ်ချင်းတွေ က အဆောက်အအုံ ထဲမှာ ရှိနေခဲ့ပါတယ်။

ညနေ ၅ နာရီခွဲပြီးမို့လို့ အလုပ်ပြန်ဖို့ ပြင်ဆင်နေချိန်မှာ သူမက လစ်ထွက်လာပြီး တစ်ဦးတည်း သွားရိုက်တာပါ။ သူမပြုတ်ကျသွားတာကို ဘယ်သူမှ မသိလိုက်ပါဘူး။

သူတို့တွေ အဆောက်အအုံအောက်ကို ရောက်မှ လူတစ်ယောက် ပြုတ်ကျပြီး သေဆုံးနေတာကို သွားကြည့်တော့ မှ သူတို့ ရဲ့ သူငယ်ချင်းဖြစ်နေတာကို သိလိုက်ရတာပါ။

ပြုတ်ကျပြီး သေဆုံးသွားတဲ့ သူမက ဖုန်းကို ကိုင်လျှက်သားသေဆုံးခဲ့တယ်လို့ အလောင်း မျက်မြင်သက်သေတွေက ဆိုပါတယ်။


အဲ့လိုပြုတ်ကျပြိး သေဆုံးသွားတဲ့ ဗီဒီယိုဖိုင်ကို လူမှုရေး ငဲ့ညှာထောက်ထားတဲ့ အနေနဲ့ အွန်လိုင်းပေါ်မှာ မဖြန့်ဖို့အတွက် မိသားစုက တောင်းပန်ထားပါတယ်။ ရှောင်ကျူးမေရဲ့ အကောင့်ကို သူမ သေဆုံးပြီး နောက်ပိုင်းမှာ မိသားစု ကဖျက်ပစ်လိုက်ပါတယ်။

အဲ့လိုပဲ ဟောင်ကောင်က အွန်လိုင်းနာမည်ကြီး ဓာတ်ပုံမော်ဒယ်တစ်ဦးက လည်း ရေတံခွန်ထိပ်မှာ ဓာတ်ပုံအရိုက်ခံရင်း ခြေချော်ကာ ချောက်ထဲပြုတ် ကျပြီး သေဆုံးဖူးပါတယ်။

REF: World of buzz
Photo: 247 news around the world