အိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်တွေကိုပုံမှန်မလျှော်ခြင်းကြောင့်ဖြစ်ပေါ်လာမယ့်အရာများ

အိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်တွေကိုပုံမှန်မလျှော်ခြင်းကြောင့်ဖြစ်ပေါ်လာမယ့်အရာများ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေက အမြဲပုံမှန်လျှော်ပြီး လဲပေးဖို့လိုပါတယ်။ ၂ ပတ် တစ်ခါ လဲပေးရင်တော့ အကောင်းဆုံးပါပဲ။

ဒီလို အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ခြင်းကြောင့် ဒီလိုအရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ပဲ၊

မလဲပဲနဲ့ထားရင် အသားတွေယားတာ၊ အလက်ဂျစ်တွေထတာ၊ ခေါင်းအုံးစွပ်မလဲရင် ဝက်ခြံထွက်တာ၊ အဆီဖုထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။

Skin ကောင်းချင်ရင် ဒါတွေကို ဂရုတစိုက်လဲပေးဖို့ အရမ်းအရေးကြီးပါတယ်။


နှာချေတာ၊ နှာမွှန်တာ၊ နှာခေါင်းယားတာ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကို မလဲပဲထားရင် ဘတ်တီးရီးယားတွေကပ်နေပြီး နှာချေတာ၊ နှာမွှန်တာ၊ နှာခေါင်းယားတာတွေ ဖြစ်လာပါလိမ့်မယ်။

အရမ်းဆိုးရင် allergies နဲ့ asthma ပါ ဖြစ်သွားတတ်ပါတယ်။ အသက်ရှူလမ်းကြောင်း ထိခိုက်နိုင်ပါတယ်။

ခေါင်းယားတာ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကိုမလဲရင် အသားယားတာတင်မဟုတ်ပဲ ခေါင်းတွေပါယားလာပါလိမ့်မယ်။

နောက်ဆက်တွဲပြဿနာကတော့ ခေါင်းတွေယားပြီး ဦးရေပြားမသန့်ရှင်းတဲ့အတွက် ဗောက်ထတာတွေပါ ဖြစ်လာပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owner