နံနက်စာ မစားဖြစ်ရင် ခန္ဓာကိုယ်မှာ ဒါတွေဖြစ်လာပါတယ်

နံနက်စာ မစားဖြစ်ရင် ခန္ဓာကိုယ်မှာ ဒါတွေဖြစ်လာပါတယ်

ဒီနေ့ခေတ်လူ အများစုဟာ လှုပ်ရှား သွားလာ ရတာတွေ များတာကြောင့် မနက်စာ စားဖို့ကို မေ့လျော့နေကြပြီး မနက်စာ ရဲ့ အရေးပါပုံကို သိပ်မသိကြ ပါဘူး။

တကယ်တော့ မနက်စာ စားခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကို အများကြီး အထောက်အကူ ပြုနေ ပါတယ်။


မနက်စာ မစားဖြစ်တဲ့ အကြောင်းရင်းကို စစ်တမ်းကောက်တဲ့ အခါ အများစုက ကယ်လိုရီတက်မှာ စိုးလို့ မစားတာ ၊ မနက်စာ စားချိန်မရှိလို့ မစားတာ ၊ ဗိုက်မဆာလို့ မစားတာလို့ ဆိုကြ ပါတယ်။

မနက်စာ မစားဖြစ်တဲ့ လူတွေဟာ ပုံမှန် စားနေကျ လူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ (၂၇) ရာခိုင်နှုန်းပို ပါတယ်။

မနက်စာ မစားတဲ့အခါ ကိုယ်တွင်း ဇီဝစနစ် ပြောင်းလဲပြီး သွေးတွင်း သကြားဓာတ်က မြင့်တက်သွားပါတယ်။ ဒီလို မြင့်တက်သွားတဲ့ အခါ ကိုယ်အလေးချိန် မြင့်တက်လာ သလို နှလုံးရောဂါလည်း ဖြစ်ပွားနိုင်ပါတယ်။

ဒါ့အပြင် မနက်စာ မစားတဲ့လူတွေမှာ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ များတာကိုလည်း တွေ့ရပါတယ်။ မနက်စာ မစားတဲ့အခါ ဂလူးကို့စ်ဓာတ်က တောင့်မခံနိုင်တော့ပဲ ဆိးချိုရောဂါနဲ့ ဆက်စပ်တဲ့ ရောဂါတွေပါ ဖြစ်ပေါ်လာ ပါတယ်။

ကိုယ်အလေးချိန် လျှော့ချဖို့ အစားလျှော့စားတဲ့ လူတွေမှာ မနက်စာကို မဖြစ်မနေ စားပေးဖို့ လိုပါ တယ်။

ဘာကြောင့်လဲဆိုတော့ မနက်စာ မစားရင် ဗိုက်ပိုဆာပြီး နေ့လည်စာ နဲ့ ညစာကို အလွန်အကျွံ စားမိတတ်ပါတယ်။

ဒီလို စားမိတဲ့ အခါ ကယ်လိုရီ ပိုတက်ပြီး ကိုယ်အလေးချိန် လျှော့ချဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မနက်စာက diet လုပ်နေတဲ့ လူတွေအတွက် အရမ်းကို အရေးပါပါတယ်။

မနက်စာ မစားခြင်းဟာ ဦးနှောက်ကျန်းမာရေး ကိုပါ သက်ရောက်မှု ရှိနေ ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစာမရှိတဲ့ အခါ ဦးနှောက်က်ုိ လိုအပ်တဲ့

အာဟာရတွေ မပေးနိုင်တော့ပဲ မှတ်ဉာဏ် အားနည်းကာ အာရုံမစူးစိုက် နိုင်တော့ ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ကို သင့်တင့် မျှတစွာ စားပေးဖို့ လိုပါတယ်။

သို့သော် မနက်စာ စားတဲ့အခါ သကြားဓာတ် များတဲ့ အစားအစာတွေ ကို မရွေးသင့်ပဲ ထောပတ်သီး ၊ ကြက်ဥ နဲ့ wholegrain ပါတဲ့ အစားအစာတွေကို ရွေးချယ်သင့် ပါတယ်။

ဖတ်ရှုပြီး အများသူငှာ ကျန်းမာရေး အသိ တိုးပွားစေဖို့ ဝေမျှ လိုက်ပါ ကြပါအုံး။

Ref; R e a d e r’s D i g e s t