ဆန်ပြုတ်အပွဲပေါင်း ၁ဝဝဝဝကို စိတ်ဝေဒနာသည်မြေးလေးအတွက် မကွယ်လွန်မှီကတည်းက အော်ဒါမှာပေးခဲ့တဲ့ အဘွား

ဆန်ပြုတ်အပွဲပေါင်း ၁ဝဝဝဝကို စိတ်ဝေဒနာသည်မြေးလေးအတွက် မကွယ်လွန်မှီကတည်းက အော်ဒါမှာပေးခဲ့တဲ့ အဘွား

သားအချစ် ၊ မြေးအနှစ်ဆိုတဲ့အတိုင်း မြေးတွေအပေါ်ထားရှိတဲ့ အဘိုးအဘွားတွေရဲ့ချစ်မေတ္တာဟာ ခိုင်မြဲလွန်းလှပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အဘွားဖြစ်သူဟာ သူ့ရဲ့စိတ်ဝေဒနာသည်မြေးလေးနဲ့ နှစ်ယောက်တည်းအတူနေထိုင်လာခဲ့တာပါ ။

တစ်ရက်မှာတော့ သူမဟာဦးနှောက်ကင်ဆာ အဆင့် 4 ကို ခံစားနေခဲ့ရမှန်းသိခဲ့ရပါတယ် ။ ဒါကြောင့် ဆွေးမျိုးတွေထံသွားပြီး သူမရဲ့မြေးလေးကို ပြုစုစောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ဆွေမျိုးဖြစ်သူတွေကလည်း ဂရုမစိုက်ပေးနိုင်လို့ နောက်ဆုံး ဆန်ပြုတ်ဆိုင်လေးမှာ မြေးဖြစ်သူအတွက်ဆန်ပြုတ်အော်ဒါမှာပေးဖို့ အကြံရလာခဲ့ပါတယ် ။

သူမကလည်း နေ့စဉ်မြေးလေးနဲ့အတူမရှိနိုင်တာကြောင့် ဆန်ပြုတ် အပွဲပေါင်း 10,000 ကို ငွေအရင်ရှင်းပေးခဲ့ပြီး အော်ဒါမှာပေးခဲ့ပါတယ်

။ အဆိုပါအကြောင်းအရာလေးက အဘိုးအဘွားတွေရဲ့ ချစ်မေတ္တာကို ပညာပေး video အနေနဲ့ ရိုက်ကူးပေးထားတာပါ ။

အပြင်လက်တွေ့ဘဝမှာလည်း အဆိုပါဖြစ်ရပ်မျိုးကြုံတွေ့ရတဲ့ အဘိုးအဘွားတွေ အများကြီးကျန်ရှိနေသေးကြောင်း သိရှိရပါတယ် ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owner