သူ့မိသားစုထဲမှာ ကိုဗစ်ကြောင့် ဆုံးရှုံးမှုတွေ များခဲ့ရပုံကို ဝမ်းနည်းကြေကွဲစွာ ပြောပြလာတဲ့ ချယ်ရီသင်

သူ့မိသားစုထဲမှာ ကိုဗစ်ကြောင့် ဆုံးရှုံးမှုတွေ များခဲ့ရပုံကို ဝမ်းနည်းကြေကွဲစွာ ပြောပြလာတဲ့ ချယ်ရီသင်း

ဒီရက်ပိုင်းအထိတော့ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေသေးသလို ပြန်လည်ကောင်းမွန်လာသူတွေလည်းရှိနေတာ တွေ့ရပါတယ် ။

တစ်ချို့ ရောဂါဒဏ်မခံနိုင်လို့ သေဆုံးကြသူတွေလည်း ရှိနေသေးပါတယ်။ အနုပညာရှင်တွေထဲမှာလည်း ကိုဗစ်ကြောင့် သေဆုံးသူတွေ များစွာရှိနေတာကြောင့် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ ။

မနေ့ကဆိုရင်လည်း ချယ်ရီသင်း က သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တစ်ဆင့် စိတ်မကောင်းစရာ သတင်းလေးကို ဝေမျှလာပါတယ် ။ ဒါကတော့ ကိုဗစ်ကြောင့်သူရဲ့ မိသားစုဝင်တွေထဲမှာ အသက်ဆုံးရှုံးရသူတွေ များစွာရှိလာလို့ ဖြေဆည်မရဖြစ်နေကြောင်းပဲဖြစ်ပါတယ် ။

” ကိုဗစ်ကမာယာများတယ် July -19 တုန်းက အကိုဝမ်းကွဲကိုသန့်စင်ဆုံးတယ် July -29 မနေ့ကျ ကိုသန့်စင်ရဲ့အဖေ ဦးညီအေးဆုံးတယ် (သားအဖတွေ -၁၀ ရက်ပဲကွာတယ်)

အခု July -30 အကိုဝမ်းကွဲ ကိုပိုက်အေးဆုံးတယ် ဒီအကိုဆို အနီးကပ်ကိုချယ်ပြုစုပေးခဲ့တာ နေ့လည်ခင်းကအထိအကောင်းဆုံး ပြုစုပေးခဲ့တယ် အောက်ဆီဂျင်တောင် -70နဲ့ 80 ကြားထိရှိတယ်

သက်သာပြီဆိုပြီးမနေ့တည်းကမအိပ်ရသေးလို့အိမ်ခနပြန်တာခနနေတော့ဆုံးပြီတဲ့ သေခြင်းတရားရယ် နေ့မြင်နေ့ပျောက်ကြီးပါလား ပြီးတော့အကို့အတွက် မရရအောင်ကူညီပေးကြတဲ့

ကို Drummer Ko Aung Refresh ကို လေးမြင့်ဝင်း ကိုKan Drummer အကိုတွေအားလုံးလည်းအစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်တကယ်ကျေးဇူးအထူးတင်ပါတယ်

ပြီးတော့မနက်ကအောက်ဆီဂျင်လိုလို့ကူညီပေးတဲ့ အကိုဇေယျာမင်းကိုလည်းကျေးဇူးအထူးပါ အသက်ရှင်တဲ့အချိန်မှာပျော်အောင်နေပါ အချိန်တွေနာရီတွေက

ဒဏ္ဍာရီဆန်ပါတယ် ” ရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ။ ပရိသတ်ကြီးအတွက် ချယ်ရီသင်းမိသားစုရဲ့ သတင်းလေးကို ပြန်လည်ဖော်ပေးလိုက်ပါတယ် ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owner