တရားသူကြီးဝတ်ရုံနဲ့ ငယ်ရွယ်လှပတဲ့အသွင်အပြင်ကြောင့် လူအများကို မေးခွန်းထုတ်စေခဲ့တဲ့ မိန်းကလေ

တရားရုံးမှာ တရားသူကြီးဝတ်ရုံနဲ့ ဝတ်ဆင်ထားတဲ့ မိန်းမငယ်လေးရဲ့ ဓာတ်ပုံကို မျှဝေလိုက်တဲ့အခါမှာ များစွာသော Netizen တွေက ထိုမိန်းကလေးဟာ တရားသူကြီးဟုတ်မဟုတ်ဆိုတဲ့ မေးခွန်းတွေ ထုတ်မေးကြပါတယ် ။

အကယ်လို့ သူမသာ တကယ်တရားသူကြီးဖြစ်မယ်ဆိုရင် တရားသူကြီး အားလုံးထဲမှ အငယ်ဆုံးတရားသူကြီး ဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ် ။

မကြာခင်မှာပဲ netizen တွေက ဒီမိန်းကလေးရဲ့ အကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ သူမနာမည်က Leanna Leonardo လို့ ခေါ်တာပါ ။

ဒါပေမယ့် သူမဟာ တရားသူကြီးမဖြစ်သေးပါဘူး ။ ဒီမိန်းကလေးက အင်ဒိုနီးရှားနိုင်ငံ၊ Yogyakarta မြို့ Gadjah Mada တက္ကသိုလ်မှာ ဥပဒေလေ့လာနေတဲ့ အသက် ၂၂ နှစ်အရွယ်ကျောင်းသူတစ်ဦး ဖြစ်တယ်လို့ ထုတ်ဖော်လာခဲ့ပါတယ် ။

Leanna ရဲ့တရားသူကြီးဝတ်ရုံနဲ့ ဓာတ်ပုံက သူမ တရားသူကြီးအဖြစ် ခေတ်တဆောင်ရွက်တဲ့ တရားရုံးအတွင်းမှာ ရိုက်ကူးခဲ့တာပါ ။

ဒါပေမယ့် သူမဟာ တရားသူကြီးမဟုတ်ပေမယ့် ဒီမိန်းကလေးဟာ တစ်နေ့မှာ တရားသူကြီး ဖြစ်လာမယ့်သူလို့ ယုံကြည်ပါတယ် ။

လက်ရှိမှာတော့ သူမကရှေ့နေတစ်ယောက်ဖြစ်ဖို့ လေ့လာနေပြီး သူမက JKT48 မှဖြစ်ပြီး၊ ဂျပန်လူမျိုး idol girl အဖွဲ့ဖြစ်တဲ့ အင်ဒိုနီးရှား AKB48 မှ ဖြစ်တယ်လို့ ဆိုပါတယ် ။ Leanna ကို Netizen တွေက သူမတရားသူကြီးတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ် ။

သူမရဲ့ Top Fan တွေက သူမမှာ ကောင်လေးရှိနေတာကို သိရတော့ အနည်းငယ်စိတ်ပျက်ခဲ့ပါတယ် ။ ဒါပေမဲ့ Netizen အချို့က ကောင်လေးရှိတာဟာ သူမအတွက် အရမ်းကောင်းပါတယ် လို့ ဆိုကြပါတယ် ။

Leanna ဟာ သူမရဲ့ ကောင်လေးဆီက အလေးထားမှုနဲ့ ဂရုစိုက်မှုတွေခံနေရတာကြောင့် Netizen တွေကပင် သူမကို အားကျနေခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : rachfeed